🖤Verdant Note-21❤️

592 103 126
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note- 21❤️

💚📝 ပိုလှမဲ့ မနက်ဖြန်ဟာ သင့်လက်ထဲမှာသာ..

🖤❤️🖤❤️

❤️ ကိုကို

🖤 ဗျာ

❤️ baby ရေချိုးပြီးရင် တစ်ခါ ထပ်ဖက်ထားပေးဦး

အခန်းရှိရာပြန်တဲ့လမ်းမှာ သူ့လက်ကိုဆုပ်ကိုင်လို့ ထပ်တောင်းဆိုမိသည်။ ခုနက ရခဲ့တဲ့ ရင်ခွင်ရဲ့နွေးထွေးမှုဟာ ဖေဖေနဲ့သိပ်တူတာ။ ခံစားချက်က တကယ်ကို ဖေဖေကပွေ့ဖက်ထားသလိုပဲဆိုပေမဲ့ ဖေဖေနဲ့တူတယ်လို့တော့ မပြောမိတော့ပါဘူး။ သားနဲ့သမီးအတွက် ကျွန်တော်တို့က ခံစားချက်တစ်ချို့ကို အလွယ်တကူထုတ်ဖော်မပြသင့်ဘူးမဟုတ်လား။

❤️ ဘာကြည့်နေတာလဲ ဖက်ထားခိုင်းတာ ထူးခြားလို့လား

🖤 ချစ်လို့ပါကွာ လာခဲ့

လမ်းလျှောက်နေတဲ့လူကို ချီပြီး ပုခုံးပေါ်မှောက်တင်တော့ ယက်ကန်ယက်ကန်နဲ့ ပါသွားရပြီ။

❤️ ဘာလုပ်တာတုံးဗျ ကိုကို

💛ဟမ်းးးး ပါပါးကို ရုတွားဘီ ပြေးနဲ့

🕊️ ဒီဒီ ပါပါးကို ဘယ်ခေါ်တွားမို့ရဲ

ကလေးတွေအော်တော့ ကျွန်တော့်ကိုထမ်းထားရင်းကနေ ပြေးတော့သည်။ ကလေးမဟုတ် သူငယ်မဟုတ်နဲ့ ဒီလူကြီးဘာစိတ်ကူးတွေပေါက်နေပြန်လဲမသိပါဘူးဗျာ။

အခန်းထဲရောက်မှ ပခုံးပေါ်ကနေအောက်ချပေးတော့ နောက်ကပြေးလိုက်လာတဲ့ကလေးတွေကို သူ့လိုက်ရိုက်တော့သည်။ လက်သီးဆုပ်သေးသေးလေးတွေနဲ့ ထုတော့ သူ့မှာသူ့သားသမီးတွေကိုကြည့်ပြီး တဟားဟားနဲ့ သဘောတွေကျလို့။

🖤 မင်းတို့က ဘာလဲကွ ငါ့အချစ်ကလေးငါခေါ်သွားတဲ့ဟာကို အား ဖြည်းဖြည်းထုပါကွ

💛 ဘားမှပြောနဲ့ အာ့ တားတားချစ်ရေး

🕊️ မီးငယ်ရဲ့ ပါပါးနော် ဒီဒီတိရား

❤️ သားနဲ့သမီး ဒီဒီက စတဲ့ဟာကို မထုရဘူး တော်ပြီ

လေသံနည်းနည်းမာတော့မှပဲ သူတို့အဖေကို ထုနှက်နေတာတွေရပ်တော့သည်။ ဒီလူကြီးဟာ ခုထိအသားအနာခံစတဲ့အကျင့်က ပျောက်ကိုမပျောက်သေးတာပါ။ ဒီအကျင့်လေးက ချစ်စရာကောင်းပေမဲ့ သူချည်းအနာခံနေရတာမျိုးမို့ စိတ်မကောင်းလည်းဖြစ်မိသည်။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now