🖤Verdant Note-1❤️

660 107 291
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-1❤️

💚📝သိပ်နာကျင်ရတဲ့အခါ စိတ်နဲ့နှလုံးသားကို မျက်ရည်စက်တွေက အထိုက်အလျောက်တော့ သန့်စင်ပေးနိုင်တယ်တဲ့...

မင်းအပြုံးတွေ ပြန်ရုန်းထဖို့ ငိုစေသူက ငါဖြစ်ရမယ်ဆိုလည်း ကျေနပ်ပါတယ်...

မင်းအတွက် အရာရာ ပေးဆပ်မှာက ငါတစ်ယောက်တည်း ဖြစ်နေရမှာမို့လို့လေ💚📝

🖤❤️🖤❤️

စိမ်းလန်းသော မနက်ခင်းလို့ပဲ ဆိုကြပါစို့...

နေရောင်ကျဲကျဲက ကောင်းကင်ပြာပြာကနေ မြေပြင်ပေါ်ဖြာကျတဲ့အခါ ထင်ဟပ်တဲ့ရောင်ပြန်က အစိမ်းရောင် သစ်ပင်တွေနဲ့ အစိမ်းရောင်မြက်ခင်းတွေလေ။

မျက်လုံးကို အားကောင်းသန်မာစေဖို့ အစိမ်းရောင်ကို များများကြည့်ပေးရသတဲ့။ စစ်ဘက် အရပ်ဘက်တွေမှာ သုံးတဲ့ ညကြည့်မျက်မှန် Night vision goggle တွေမှာဆိုရင်လည်း ဒီအစိမ်းရောင်ကိုပဲ သုံးကြတာလေ။

ညဘက်အမှောင်ထဲစစ်ဆင်ရေးတွေလုပ်တဲ့အခါ သူတို့သုံးတဲ့ မျက်မှန်ကမြင်ကွင်းဟာ ဘာလို့အစိမ်းရောင်တစ်မျိုးတည်းပဲလဲလို့ ငယ်ငယ်ကစစ်ကားတွေကြည့်ရင်းတွေးရင်း ဖေဖေ့ကို မေးခဲ့ဖူးပါတယ်။

လူ့ရဲ့ မျက်လုံးဟာ အစိမ်းရောင်နဲ့ဆိုရင် တုံ့ပြန်မှုလွယ်သလို ပုံရိပ်တွေကို ပုံဖော်တဲ့နေရာမှာ အကောင်းဆုံးမို့ ညအချိန်သုံးတဲ့ goggleတွေမှာ ဒီအစိမ်းရောင်ကိုပဲ သုံးကြတာတဲ့။

သြော် အတွေးဆိုတာလည်း ဆက်စပ်မိရင် ဟိုးအတိတ်ကို ပြန်သွားနိုင်တဲ့ လမ်းစပါလား။ စိမ်းလန်းတယ်လို့ တွေးမိရုံနဲ့ မသေဆုံးတဲ့ အမှတ်တရတွေက ပြန်လည်နိူးထလာတာမျိုးပဲ။ ဒါကြောင့်ပဲ P'May က Verdant Note ရေးခိုင်းတာထင်ပါတယ်။ အခုတောင် သားအဖကြားက ဘာရယ်မဟုတ်တဲ့ အမှတ်တရလေးက အတွေးလွင်ပြင်ထဲမှာ စိမ်းလို့စိုလို့။

ကျွန်တော့် baby မနိုးခင် လေကောင်းလေသန့်ရှူရင်း မျက်လုံးအားဖြစ်အောင် အစိမ်းရောင်ရှုခင်းတွေ မြင်ကွင်းတွေကို ထကြည့်ဦးမှပါလေ။ အရုပ်ဖက်ရင်း အိပ်ပျော်နေတဲ့ ကလေးနားက ထမယ်ကြံတုံး ကျွန်တော့်လက်ကို ယောင်ယမ်းဆွဲယူရင်း သူ့ပါးနဲ့ကပ်ထားတော့ ကျွန်တော့်မှာ မထရက်တော့။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora