🖤 Tabula Rasa-22❤️

504 82 236
                                    

Unicode

🖤 Theories of LOVE❤️

🖤 Season-4❤️

🖤 Tabula Rasa-22❤️

အေးချမ်းနေတဲ့ ညချမ်းအချိန်အခါ....

ကုတင်အကျယ်ကြီးပေါ်မှာ မအိပ်နိုင်သေးဘဲ ချောင်ကပ်နေရတာက ကျွန်တော်နဲ့ကိုကိုပါ။

ကိုကို့အလုပ်တွေဝိုင်းကူလုပ်ပေးရင်း ကျွန်တော်နဲ့ ကိုကိုကMacbookလေးပိုက်လို့ ကုတင်ထောင့်မှာကုပ်နေရပြီး ကျေးဇူးရှင်ဝက်ကလေးများက တစ်ကုတင်လုံးအပြည့် နေရာယူထားကြတာပါ။

💛တုန်ဖယ်နော် ဖယ် တင်းဘောရီးရာဘီ ဝှီးးးးး

🕊️ချူးးးးးး တင်းဘောရေရော့ဝါးဘီ

သူတို့စိတ်မချလို့ သူတို့နားအလုပ်လုပ်ကာမှ ပေါက်ကရပြောတာလုပ်တာတွေထိုင်ကြည့်ပြီးရယ်ရတာနဲ့ပဲ အလုပ်ကတော်တော်နဲ့မပြီးနိုင်။

သ‌င်္ဘောလုပ်တဲ့လူနဲ့ သ‌င်္ဘောကို လေလျှော့တယ်ဆိုပြီး ခါးကိုကလိထိုးတဲ့လူနဲ့ သူတို့ကမ္ဘာလေးမှာ ပျော်ချင်တိုင်းပျော်နေကြတာက အားကျစရာလေးပါ။

ကျွန်တော်ကတော့ ကိုကိုတစ်ယောက်တည်း ခေါင်းခဲနေရတာမကြည့်ရက်လို့ အမြန်ပြီးအောင် စာရင်းတွေဝိုင်းကူလုပ်ပေးရတာနဲ့ ဒီညမဆော့နိုင်တော့ဘူးလေ။

🖤babyဆော့ချင်ဆော့လေ ပြီးခါနီးပါပြီ

❤️ဟင့်အင်း ကိုကိုနဲ့တူတူပဲ အလုပ်လုပ်မှာ အင့်

ပြောနေတုံးရှိသေး အရုပ်နဲ့မျက်နှာကို ပေါက်ခံရတာ အင့်ခနဲပါပဲ။

🖤ဟော ဟိုကောင်တွေ ပါပါးကိုဒီမှာထိကုန်ပြီ လုပ်တဲ့လူ sorry ပါပါးလို့ ပြောလိုက်ဦး

💛🕊️ဆောရီး ပါပါး

ဒီရက်ပိုင်းမှာ ကိုကို သားနဲ့သမီးကို အရင်လိုတအားမလွှတ်ပေးထားတော့တာ ပိုပိုသိသာလာသည်။တင်းကြပ်တာမျိုးလည်းလုံးဝမဟုတ်ဘဲ အရင်လောက်‌လွှတ်ပေးထားတာမျိုးလည်း မရှိတာကတော့ သိသိသာသာပင်။

ကိုကို့ကိုအကြွင်းမဲ့ယုံကြည်ထားပေမဲ့ သားနဲ့သမီးက နားလည်မှုလွဲမှာ ကလေးပီပီ ကိုကို့ကိုစိတ်ဆိုးကြမှာတော့ ကျွန်တော်ကြောက်သည်။ တချို့မေတ္တာတွေက အလယ်မှာရပ်နေရင်းနဲ့ကို အထိရှမခံနိုင်တဲ့အနေအထားမဟုတ်လား။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now