မေတ္တာရပ်ခံခြင်း

361 72 15
                                    

Unicode

တစ်ခုမေတ္တာရပ်ခံချင်တာရှိပါတယ်။  တစ်နှစ်ကျော်နှစ်နှစ်နီးပါး ရေးလာတဲ့ TOL မှာ Team ခွဲတာမျိုး အရင်ကလည်း မရှိခဲ့သလို အခုလည်း မရှိ နောင်လည်းမရှိပါဘူး။ ဘယ်သူကပိုချစ်တတ်သလဲလို့ မေးခဲ့ဖူးတာကလွဲလို့ ရင်ကမွေးထားတဲ့သားနှစ်ယောက်ကို ဘက်မလိုက်ပဲရေးခဲ့ပါတယ်။ ကိုယ်က Trigon စစ်စစ်ဖြစ်နေလို့ပါ။ အဲ့ဒါကြောင့် Perth ပဲ ပိုပင်ပန်းတာတို့ Saint ပဲ ပိုပင်ပန်းတာတို့ဆိုတဲ့ မန့်တွေတွေ့ရင် အရမ်းစိတ်ဆိုးပါတယ် စိတ်မကောင်းဖြစ်ပါတယ်။ အဲ့လို မန့်တဲ့လူတွေဟာ TOL Season အစကနေမဖတ်ပဲ အပေါ်ယံလောက်ဖတ်ပြီး မန့်တယ်လို့ပဲ ယူဆပါတယ်။ ဘဝတစ်ခုလုံး ဖြတ်သန်းလာတဲ့ တစ်လျှောက်မှာ မီးသွေးခဲရော သူပုန်လေးရော နှစ်ယောက်လုံး နာကျင်ပင်ပန်းခဲ့ကြတာချည်းပါပဲ။ နှစ်ယောက်လုံး အပြန်အလှန် ပေးဆပ်ခဲ့ကြတာချည်းပါပဲ။ အဲ့တော့ တစ်ယောက်တည်းပင်ပန်းတယ်လို့ မြင်တဲ့လူတွေ ကျေးဇူးပြုပြီး TOL ကို မဖတ်ပါနဲ့ ဘာfeedback မှလဲ မပေးပါနဲ့ ကျော်သွားကြပါ။ ဘယ်သူကမှ fic တစ်ပုဒ်ကို နှစ်နဲ့ချီပြီး Season အများကြီး တည်ဆောက်ပြီး မရေးပါဘူး။ ဒါပေမဲ့ ကိုယ်ကရေးပါတယ် ရေးတဲ့အတွက် စာဖတ်သူတွေမသိနိုင်တဲ့စိတ်ဖိစီးမှုတွေ အများကြီးရှိပါတယ်။ ကျေးဇူးပြုပြီး မတရားဘူးထင်ရင် လာမဖတ်ကြပါနဲ့ ကျော်သွားကြပါ။ ယူတို့မန့်လိုက်တာလေးတစ်ခုနဲ့ နှစ်နဲ့ချီတည်ဆောက်လာတဲ့ ကလေးနှစ်ယောက်ရဲ့ ဖြစ်တည်မှုကို အပေါစားမဆန်သွားစေချင်လို့ပါ။ ပြောချင်တာကတော့ ဒါပါပဲ။

#May🌻

Zawgyi


#May🌻

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora