Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Absquatulate-5❤️
အတ္တစွန်းတဲ့ မုသားတွေက သိပ်လှတယ်
ပြီးတော့ အဖြူရောင်တွေတဲ့....🖤❤️🖤❤️
ငိုက်မြည်းချင်နေသော မျက်ဝန်းမှေးမှေးလေးတွေဟာ ဖိုးရီးနဲ့ စကားမပြောရမချင်း မအိပ်ဟူ၍ ဆန္ဒပြနေကြသည်။ ညအိပ်ဝတ်စုံ ဆင်တူလေးနဲ့ ကုတင်ပေါ်အရုပ်ကိုယ်စီပိုက်ကာ ထိုင်နေကြတဲ့ပုံလေးတွေက ကျွန်တော့်ရဲ့ ချစ်ခြင်းနဲ့ သနားကရုဏာကို တစ်စစီခြွေနေတဲ့ ပုံရိပ်လေးတွေပါ။
💛 ပါပါး ဖိုးရီးဆီ ဝှါး..... ဖုန်းဆက်ရေ
❤️ ဖိုးရီးအိပ်နေလောက်ပြီ သားရဲ့ ပြီးတော့လေ မိုးပေါ်နဲ့ ပါပါးတို့အိမ်က အရမ်းဝေးတော့ ဖုန်းလိုင်းမမိဘူးကွ ဖုန်းဆက်လို့မရဘူး
🕊️ မီးက လွမ်းနေပြီ ပါပါးရဲ့ ဖိုးရီးက ဘာမှရဲ ပြောဝါးဘူး အဟင့် ဟင့်
သမီးလေးက ရုတ်တရက်ထငိုတော့ ကျွန်တော့်ရင်ထဲ မီးပုံရှို့ခံရသလိုပါပဲ။ ဒီလိုပုံနဲ့ ဖေဖေ့ရဲ့ စျာပနနေ့မှာ သားနဲ့သမီးကို နောက်ဆုံးအနေနဲ့ တွေ့ပေးသင့်လား မသင့်ဘူးလား မသိတော့ဘူးဗျာ။
❤️ သမီးရာ ဖိုးရီးကို ချစ်တယ်မှတ်လား
🕊️ ချစ်တော့ဘူး ဟင့် မီးကို မခေါ်ဝါးရို့
သမီးငယ်က ငိုတော့ သားကလည်း မျက်ရည်လေးတွေဝဲလို့။ ညတိုင်း သူတို့ဖိုးအေနဲ့ အိပ်နေကျဆိုတော့ သူတို့မှာ အိပ်ပျော်ဖို့ ခက်ခဲနေကြမှာပေါ့။
❤️ သမီးလေး ပါပါးကို ကြည့်စမ်း ပါပါးပြောပြမယ် သားရောပဲ နားထောင်နော်
ဖိုးရီးကလေ သားနဲ့သမီးက ဟို တီတီ့ဗိုက်ထဲကနေ ထွက်လာတည်းက ထိန်းလာတာ သားနဲ့သမီး ငိုရင်လည်း ဖိုးရီးကချော့တယ် သားနဲ့သမီးနေမကောင်းရင်လည်း ဖိုးရီးကပဲ ပြုစုတယ် ဆေးတိုက်တယ် တူတူလဲဆော့ပေးတယ် ညတိုင်း ပုံတွေပြောပြီး သိပ်တယ်လေ
အခု သားနဲ့သမီးက အသက် ၄နှစ်တောင်ပြည့်တော့မှာလေ ဖိုးရီးက နေ့တိုင်း အချိန်တိုင်း သားနဲ့သမီးနားရှိနေတော့ မောနေပြီတဲ့ သိလား ဖိုးရီးက အသက်ကြီးပြီလေ သားနဲ့သမီးရယ် သူနားပါစေတော့ နော်
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️