Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Tabula Rasa-2❤️
အလုပ်လုပ်ရင်း ညောင်းလာလို့ နံရံကနာရီလှမ်းကြည့်တော့ ညနေ၄နာရီ....
သားနဲ့သမီးတောင် ခုနက သူတို့ဘာသာနိုးလာပြီး ဒီဒီရေဆိုပြီး လာနှုတ်ဆက်သွားသေးတယ်။ ကလေးတွေကိုမေးတော့ ပါပါးက သင်္ဘောမောင်းတုံးလို့ ပြောသွားတယ်။ ခုထိမထဘဲအိပ်နေရင် နေမကောင်းဖြစ်တော့မှာပဲ။
ဒီလူဆိုးလေးကို ထိန်းကျောင်းရတာလည်း တစ်ခါတစ်လေကလေးထိန်းရတာထက်ကိုဆိုးပါတယ်။စိတ်ကလည်းခန့်မှန်းရခက်လွန်းပြီး စက္ကန့်ပိုင်းလောက်အတွင်းမှာကို အမျိုးမျိုးပြောင်းနေတာမျိုး။ ဆူရတာကိုစိတ်မကောင်းပေမဲ့ ပြန်ချော့ရတာကိုတော့ကျွန်တော်တကယ်ကြိုက်ပါတယ်။
အခုလည်း သူ့ဆီမသွားသေးတာက တခြားဘာကြောင့်မှမဟုတ်ဘဲ Mike ကို စောင့်နေရလို့ပါ။အရုပ်လေးရမှပဲ သူ့နားသွားထားပေးမယ်ဆိုတဲ့စိတ်နဲ့စောင့်နေတာကို ခုထိကိုမလာသေးတာလေ။အရုပ်အသစ်ပါလဲပြီး ပြန်ထည့်နေရလို့ ကြာနေတာထင်ပါတယ်။
ဖုန်းလှမ်းဆက်တော့ ရောက်ခါနီးပြီတဲ့။ ရောက်ခါနီးပြီဆိုတော့လည်း ထိုင်ရာကနေထ ခြေလက်ဆန့် အညောင်းဖြေပြီး အောက်ဆင်းလို့ အရုပ်သွားစောင့်ယူရသည်။အရုပ်လက်ထဲရောက်လို့ ကြည့်တော့ လည်ပင်းမှာသိုးမွှေးမာဖလာအဖြူလေးနဲ့ မျက်မှန်ဝိုင်းလေးတပ်ထားလို့။ အညိုရောင်ဝက်ဝံအဖိုးကြီးကို baby သဘောကျမှာပါ။
အရုပ်ရင်ဘတ်နားကပ်လို့ နားထောင်ကြည့်တော့ နှလုံးခုန်သံတဒုတ်ဒုတ်က ဖေဖေ့ရင်ခွင်ထဲဝင်နားထောင်နေရသလိုမျိုးခံစားရသည်။ အရုပ်လေးယူပြီး အခန်းထဲအသာလေးဝင်သွားတော့ ကတုံးလေးက အိပ်နေတာကွေးလို့။
အရုပ်ကို သူ့ဘေးချပေးလိုက်ပြီး ပါးကိုဖွဖွလေးခိုးနမ်းတော့ လှုပ်တောင်မလှုပ်။ စိတ်မကောင်းဖြစ်နေပုံရတဲ့မျက်နှာလေးကတော့ အိပ်ပျော်နေတာတောင် သိသာလွန်းပါတယ်။နှိုးရတော့မယ်ဆိုတော့ ပါးကိုအားရပါးရနမ်း နှာခေါင်းကို ဆွဲညှစ်ပြီး ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ပြေးရတာအမော။ ပြေးလာပြီးတော့ စာကြည့်ခန်းထဲပြန်ဝင်ပြီး ခပ်တည်တည်နဲ့ အလုပ်ပြန်လုပ်နေလိုက်သည်။ ဖေဖေ့ရဲ့ရင်ခုန်သံတွေနဲ့ ပျော်ရွှင်ပါစေ ကလေးငယ်ရေ။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️