🖤A Million Dreams-46❤️

748 105 108
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-46❤️

⚡⚡⚡⚡

ခံရတာနဲ့ ချက်ချင်းတုံ့ပြန်တတ်တဲ့ အကျင့်က တကယ့်ကို ကျေနပ်မှုအပြည့်ပေးတာပဲ။ တကယ့်ချက်ကောင်းတွေကိုမှ နင်းလိုက်နိုင်တဲ့ ကိုယ့်ဟာကိုယ်လဲ ဂုဏ်ယူတယ်။ ခုနကပဲ သူတန်ဖိုးထားရတဲ့အရာတစ်ခုကို နင်းချေပြီး အခုသူ့အကြံတွေထပ်ဖျက်စီးရမယ်ဆိုတော့ အားတောင်နာလာပြီ။

ခိုင်းထားတဲ့ ကြေးစားကောင်တွေဆီက သတင်းရတယ်လေ။ မနေ့ညက သူဘားမှာသွားတွေ့တဲ့ကောင်လေးရဲ့ အချက်အလက်အပြည့်အစုံကို သိရပြီတဲ့။ ရည်ရွယ်ချက်ကတော့ နလပိန်းတုံးသွားမေးရင်တောင် သိနိုင်ပါတယ်။ အဲ့ကောင်လေးကို ကျွန်တော်နဲ့ ရင်ဆိုင်ခိုင်းဖို့ဆိုတာ တွေးရုံနဲ့သိသာပါတယ်။

အဲ့ဒီတော့ မနေ့ညကအစပြုခဲ့တဲ့ သူ့ရဲ့ မဟာစီမံကိန်းကို ဒီညမှာတင် အပြီးတိုင်ပျောက်ကွယ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ဖုန်းတစ်ချက်ခေါ်လိုက်တာနဲ့ ကိုယ်ဟာ လောကရဲ့သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးရသူပဲလေ။ ပိုက်ဆံနဲ့ ခင်းထားတဲ့လမ်း မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။

⚡ ဒီနေ့ပဲ အဲ့မြေးအဖိုးနေတဲ့နေရာကို ရအောင်ရှာ ပြီးရင် ရှင်းပစ်လိုက်တော့

💙🦋

မနေ့က ညတွင်းချင်းပဲအိမ်သစ်ရွှေ့ပြောင်းခဲ့ပြီး အိမ်ထဲအဆင်သင့်ရှိနေတာတွေပဲစားသောက်ရင်း ဖုန်းကိုပဲ တစ်ချိန်လုံးကြည့်နေရသည်။ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းမို့ နေရတာ သက်တောင့်သက်သာရှိပေမဲ့ စိတ်ကတော့ မသက်သာ။ အဖိုးအတွက်မို့လို့သာ စွန့်စွန့်စားစားလက်ခံလိုက်ရတာ ခုထိဘာလုပ်ရမယ်က သေချာမသိသေးဘူးလေ။

ဒီနေ့လဲ နေ့ခင်းထိစောင့်နေပေမဲ့ ဖုန်းမလာတော့ အပြင်ထွက်ဖို့က ပြင်ရပြီ။ အဖိုးအတွက်ဆေးဝါးနဲ့ ကျွန်တော့်အတွက်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေဝယ်ဖို့ရှိသေးတာကိုး။

💙အဖိုး သား အပြင်ခဏသွားဦးမယ် အဖိုးအတွက်ဆေးတွေဘာတွေ ဝယ်ဖို့လေ

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now