🖤A Million Dreams- 43❤️

798 99 143
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-43❤️

အိမ်ကနေ အလုပ်ရောက်လာသည်အထိ ချီတုံချတုံစိတ်နဲ့ ဆုံးဖြတ်ချက်က ဘာမှမရေရာသေး။ ဘယ်ကမှန်းမသိ ဘာလုပ်ရမယ်မှန်းမသိတဲ့အခြေအနေတစ်ရပ်မှာ ကျွန်တော့်အတွက် အာမခံချက်က ဘာမှမရှိဘူးလေ။

တကယ်ဆို ဘယ်လိုရှုပ်ထွေးမှုမျိုးနဲ့မှ မပတ်သတ် ချင်ပေမဲ့ မပြည့်စုံတဲ့ရပ်တည်မှုက လူကိုယိုင်နဲ့လေစေတော့ အဖိုးအတွက်ပဲ ဖြစ်ဖြစ် တစ်ခုခုရလိုရငြား ကျွန်တော်ရှေ့ဆက်တိုးရတော့မှာပေါ့။ လက်ထဲကိုင်ထားတဲ့သော့နဲ့ အခန်းတံခါးဖွင့်လိုက်တော့ ဘယ်သူမှရှိမနေ။ အေးလေ သော့ကကျွန်တော့်လက်ထဲမှာကိုး ထိုင်စောင့်နေရမှာပေါ့။

အခန်းထဲ ခြေတစ်လှမ်းဝင်ကာရှိသေး ထူးထူးဆန်းဆန်းပဲ လိပ်ပြာတစ်ကောင်က ကျွန်တော့်ရှေ့ဖြတ်ပျံတော့ ရှေ့ဆက်မတိုးပဲ ထိုလိပ်ပြာလေးကို လိုက်ကြည့်နေမိသည်။ ဘယ်လိုဖြစ်လို့များ ဒီနေရာ ဒီအခန်းထဲ လိပ်ပြာတစ်ကောင်ရောက်နေရတာပါလိမ့်။ တမင်များ ဖမ်းထည့်ထားလေသလား။

တွေးနေတုံးရှိသေး နောက်ကနေ ဆောင့်တွန်းခံလိုက်ရတော့ အခန်းထဲ လူကငိုက်စိုက်ငိုက်စိုက်နဲ့ရောက်သွားရပြီး လေးဘက်ထောက်မလဲအောင် မနည်းထိန်းလိုက်ရသည်။

"ဘယ်သူတွန်းတာလဲ...."

စိတ်ပေါက်ပေါက်နဲ့လှည့်အော်တော့ တံခါးဝမှာ မတ်တပ်ရပ်နေတဲ့လူကိုကြည့်ပြီး ရန်တွေ့မဲ့အစီအစဥ်တွေပါ လေထဲလွင့်ကုန်ပြီ။ ရပ်နေတဲ့လူက အရပ်မြင့်မြင့် ဝတ်ထားတာက ကြည်ပြာနုရောင်ရှပ်အပါးလေးနဲ့ ဂျင်းဘောင်းဘီအနက်ရောင်အကျပ်နဲ့။ အင်္ကျီအသားကပါးတာမို့ သူ့ရင်ဘတ်ဖွေးဖွေးကိုပါအကုန်မြင်နေရပြီး ရင်ညွန့်တည့်
တည့်က ချုပ်ရိုးကြောင်းရာတစ်ခုကိုပါမြင်ရသည်။ ပြီးတော့အထူးခြားဆုံးက သူ့မျက်နှာပေါ်က မျက်နှာဖုံးနဲ့ မျက်လုံးတွေပဲ။

ခရမ်းရောင်တောင်ပံတွေနဲ့ လိပ်ပြာပုံစံမျက်နှာဖုံးအောက်က မျက်လုံးလေးတွေက ခရမ်းရောင် ငွေမှုန်လေးတွေနဲ့ပြိုးပြက်ထင်းလင်းလို့။ ဒါဆို နေ့ခင်းက လာသွားတဲ့လူက ဒီလူပဲ ဖြစ်ရမယ်။ သူ့ကိုယ်သူ ခရမ်းရောင်လိပ်ပြာလို့ ပြောခဲ့တာဆိုတော့လေ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now