🖤Verdant Note-33❤️

579 93 299
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-33❤️

💚📝သူ့အပြုံးလေးတွေက ကျွန်တော့်ရဲ့အသက်ဓာတ်ကို ဆက်လက်ဖြစ်တည်စေသောအရာ..

ကျွန်တော်တည်ချင်သော ကမ္ဘာဟာ သူ့အပြုံးများနဲ့သာပါ...

🖤❤️🖤❤️

မနက်မိုးမလင်းခင် နေလုံးကြီးထက် အရင်ပြူထွက်နေတာကတော့ ကျွန်တော့် ချစ်မဝလေးရဲ့ နှုတ်ခမ်းတစ်စုံပဲ ဖြစ်သည်။

❤️ ကိုကို့ကို baby ချစ်တာသိတယ်မှတ်လား

🖤 အင်းလေ သိတယ်လေ

❤️ အဲ့ဒါဆို ဘာလို့ ဆံပင်ပေးမဆိုးတာလဲဗျာ ဆံပင်အရောင်ဆိုးတိုင်း baby အချစ်ကပါ အရောင်လိုက်ပြောင်းမှာမှမဟုတ်တာ

🖤 အဲ့ဒါတော့ သိတာပေါ့ကွ ဒါပေမဲ့ မင်းကို
ကြည့်လာမဲ့ လူတွေရဲ့အကြည့်က အရောင်တွေပြောင်းကုန်မှာ

❤️ ဒီအဖိုးကြီးကလည်း သဝန်တိုပြန်ပြီ ဘာမှတောင်မလုပ်ရသေးဘူး

🖤 ဘာမှလုပ်ဖို့စိတ်မကူးနဲ့ ဒီတိုင်းကိုပဲ တော်တော်ပြည့်စုံနေပြီ

ကလေးတွေအလယ်မှာထားပြီး မနက်မိုးမလင်းသေးခင် သူဆံပင်အရောင်ဆိုးချင်လို့ ပြောရာကနေ အခု တိုက်ပွဲအသေးစားလေးကစပါပြီ။ နှုတ်ခမ်းထော် မျက်မှောင်ကြီးကုပ်ပြီး ဟိုဘက်
လှည့်သွားတော့ လူက နေမရထိုင်မရ။

ဥရောပဘက်ခရီးသွားမှာမို့ဆိုပြီး သူ့စိတ်ကြိုက် တစ်မိသားစုလုံးစာသူ့လက်သူ့ခြေအကုန်ပြင်ဆင်ပြီးသား။ အဝတ်အစား အသုံးအဆောင်အကုန် သူဝယ်ထားထည့်ထား ထုပ်ပိုးထားပြီးပြီ။ အခု ဘာမှဝယ်စရာမကျန်တော့ ခေါင်းပေါ်ကဆံပင်လေးပါ အရောင်ပြောင်းချင်ပြီတဲ့။ ခုတောင် လူတကာကသူ့ကိုချစ်တဲ့မျက်လုံးတွေနဲ့ ငေးနေ
ကြည့်နေရင် ရင်ထဲမှာနေရအဆင်မပြေတာ ခုထက်ပိုကြည့်ကောင်းသွားရင် သူ့ဘယ်နားသိမ်းထားရမလဲ။

🖤 baby

❤️ အိပ်ပျော်သွားပြီ ဆံပင်အရောင်ဆိုးမယ်ဆိုမှ နိုးတော့မှာ

ကလေးမဟုတ် သူငယ်မဟုတ် ဆန္ဒပြပုံက အဲ့လိုလေးပါ။

🖤 ကိုကို့ babyလေး အိပ်ရေးပျက်မှာစိုးပါတယ် အိပ် အိပ်

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Onde histórias criam vida. Descubra agora