Unicode
🖤 Theories of LOVE❤️
🖤Season-4❤️
🖤 Tabula Rasa-17❤️
နေ့သစ်တစ်နေ့ရဲ့အစ....
နေရောင်ခြည်အလင်းတန်းတို့ ကမ္ဘာမြေပြင်ပေါ် ကျရောက်ကာ အိပ်စက်မှုအရိပ်အငွေ့တို့ကို ထိုးခွင်းချိန်
တစ်နည်းအားဖြင့် အတိအကျပြောရသော် နေဖင်ထိုးချိန်ပေါ့ဗျာ...
❤️ဟေ့ လူကြီး ထ ထ နေက ခေါင်းစခြေဆုံး ထိုးနေပြီ ခုထိ မထသေးဘူး အပျင်းတစ်တာလည်း တော်ရုံပေါ့
🖤မထဘူးဟာ ဘာဖြစ်နေလဲမသိဘူး အေးဆေးမအိပ်ရဘူး
❤️ ကိုကိုအိပ်နေတာ မနေ့က ည၆နာရီတည်းကလေ အရမ်းအိပ်လွန်းပြီး ခေါင်းမူးမှာစိုးလို့ ပြောနေတာကို
🖤ဟင့်အင်း သည်းလေးကလည်းကွာ ထချင်သေးဘူးကွား
❤️ဘယ်လိုပြောပြော မထဘူးပေါ့
🖤အင်း ထဘူး
❤️အေး နောက် ယောကျာ်းယူတော့မယ်
🖤ဘာာာာာာာာ ခွေးကောင်လေး ငါအိပ်ရာမထတာနဲ့ နောက်ယောကျာ်းယူမှာနဲ့ ဘာဆိုင်သွားတုံး
❤️ဘာပြောပြော မထဘူးဆိုလို့လေ ထလောက်မဲ့စကားရွေးပြောရတာပေါ့
🖤မင်း အေးဆေးနေလိုက်နော် ရုတ်ရုတ်မလုပ်နဲ့
❤️ဪ ထပါတော့ဆို ဖင်ဖူးတောင်းပြန်ထောင်သွားပြန်ပြီ မီးသွေးခဲကြီးးးးးးး
🖤Joy ကယ်ပါ Smile ကယ်ပါ ငါ့ကို အတင်းအိပ်ရာထခိုင်းနေတယ် သားရေးးးးး သမီးးးးးး ဒီဒီ့ကိုလာကယ်ပါဦး
အသံပြဲကြီးနဲ့ အိပ်ရာပေါ်လှိမ့် အော်နေတဲ့လူကိုမနိုင်တော့လို့ ရယ်ပြီးပဲ ရပ်ကြည့်နေရတော့သည်။ ခရစ်စမတ်ပြီးတည်းက သူ့ကိုအေးဆေးနားလို့ပြောပြီးတည်းက သူက ကလေးပြန်လုပ်နေတာက တကယ်ကို မီးသွေးခဲဘယ်ကမ္ဘာရောက်သွားမှန်းကို မသိတော့တာပါ။
ကိုယ့်တင်မကဘဲ မွေးထားတဲ့ကလေးတွေအပေါ်ပါ ကလေးပြန်လုပ်နေလို့ ဒီရက်ထဲမှာ ကလေးတွေနဲ့သူ့ရန်ပွဲကိုရှင်းနေရတာ ဘယ်နှစ်ခါရှိမှန်းတောင်မသိတော့ပါဘူး။ သူဒီရက်ထဲ ပြောမပြတတ်အောင် ပင်ပန်းခဲ့ရတာမို့ သူဘယ်လိုနေနေ စိတ်ချမ်းသာအောင်ထားဖို့က ကျွန်တော့်တာဝန်ပါပဲလေ။
VOCÊ ESTÁ LENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️