Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-60❤️
နေခြည်နုနုလေးတွေရယ် မြက်ခင်းစိမ်းနံ့ရောနေတဲ့ မြေသင်းရနံ့ရယ် ပြီးတော့ စူပုတ်ထော်နေတဲ့ နှုတ်ခမ်းလေး နှစ်ခုရယ်....
❤️ ပါပါးကို ကြည့်ပါဦး သားနဲ့သမီးရယ်
💛 ဟင့်အင်း ကြည့်ချင်ဘူး
🕊️ မီး ငိုချင်ရာဘီ
❤️ လိမ္မာတဲ့ကလေးလေးတွေကလည်းကွာ
💛 ဟင့်အင်း ဆိုးမှာ တားတား ရူဆိုးပဲ ရုပ်တော့မှာ
🕊️ မီးရဲ ရူဆိုးပဲ ရုပ်တော့မှာ ဂျဂါးနားထောင်တော့ဘူး
၁ လ ကျော်ခဲ့ပြီ...
ဒီအိမ်ထဲကနေ ခြံပြင်တောင် ခြေချခွင့်မရှိပဲ သားနဲ့သမီးရယ် ကျွန်တော်ရယ် နေခဲ့ရတာ တစ်လကျော်သွားပြီ။ ကျွန်တော်ကတော့ ဘာကြောင့်ဆိုတာ နားလည်ပေမယ့် ကလေးငယ်လေးတွေကတော့ ရှုပ်ထွေးတဲ့ လူကြီးတွေကိစ္စကို ဘယ်နားလည်နိုင်ပါ့မလဲ။
အိမ်ထဲမှာ ပိတ်လှောင်ခံထားရတာ ကြာလာတော့ ကလေးသဘာဝ ကစားကွင်းသွားချင် လျှောက်လည်ချင် မုန့်စားချင်ရှာမှာပေါ့။ နဂိုတည်းက လိုက်ပို့ပေးလို့ မပူဆာတတ်တဲ့ကလေးတွေက ကျွန်တော်တို့သူတို့ကို ဘယ်ချိန်အပြင်ခေါ်ပြီး လျှောက်လည်မလဲဆိုတာပဲ စောင့်မျှော်တတ်တဲ့ ကလေးတွေက အခုတော့ ဆန္ဒပြပြီ။
ကိုကို့ကိုမပြောရဲပဲ ကျွန်တော့်ကိုပဲ ကြိတ်ပြီး ဂျစ်တိုက်နေတဲ့ ဂျစ်တူးလေးတွေဟာ ချစ်စရာ သနားစရာလေးတွေပါ။ အခုလည်း စိတ်ကောက်နေကြတာ နှုတ်ခမ်းကို စူထော်လို့လေ။
❤️ ပါပါး ဒီဒီ့ကို ဖုန်းဆက်ပြီး ပြောပေးမယ်လေ နော် နက်ဖြန် သွားမယ်လို့
💛 ချောက်ပြောနေတာ ပီးရင် တွားရဘူးပဲ ပြောမှာ အဲ့ ဒီဒီက
စိတ်ဆိုးနေတဲ့ သားတော်မောင်က ဖအေလုပ်သူကို ပြောတာ အဲ့ ဒီဒီက တဲ့။ ကိုကိုသာကြားရင် ဘယ်လောက်တောင် အသည်းယားနေလိုက်မလဲဗျာ။
❤️ သြော် ပါပါး ရအောင် ပြောပေးပါ့မယ်ကွာ အခု ပြောမှာ ကြည့်နေ
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️