🖤Absquatulate-6❤️

554 107 252
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Absquatulate-6❤️

ခြေစုံယှဉ်ရပ် တွဲလက်တွေ မြဲကြမယ်
အချစ်စစ်တို့နဲ့ လျှောက်မဲ့ ဘဝလမ်းမှာတဲ့ကွယ်...

🖤❤️🖤❤️

အိပ်ရာနိုးတည်းက တိုက်ရတဲ့စစ်ပွဲဟာ အတ္တကိုယ်စီဆုပ်ကိုင်ထားမိကြတာမို့ သဘောတူညီမှုတွေက ဝေးနေဆဲပဲ။

❤️ မလုပ်ချင်ဘူး ကိုကို

🖤 လုပ်ရမယ် baby

❤️ ဟင့်အင်း

🖤  baby ရယ်

❤️ မလွှတ်ချင်သေးဘူး ကျွန်တော်တကယ်ခံနိုင်ရည် မရှိသေးဘူးဗျာ

ဒီနေ့က ဆေးရုံမှာ မျက်လုံးက eye patch ကို သွားဖြုတ်ရမဲ့နေ့ ပြီးတော့ မနက်ဖြန်မှာ ဖေဖေ့ကို နောက်ဆုံးနှုတ်ဆက်ကြဖို့ ကျွန်တော်ပြင်ဆင်ထားတယ်လေ။ ဘယ်သူ့မှဖိတ်မနေတော့ပဲ သူ့ကို တိတ်ဆိတ်စွာနှုတ်ဆက်ကြပြီး တိတ်ဆိတ်စွာနဲ့ပဲ အခိုးအငွေ့တွေအဖြစ် ကျွန်တော်တို့လက်လွှတ်ကြဖို့ပေါ့။

ကိုယ်တွင်းအင်္ဂါလှူထားသူမို့ ရေခဲတိုက်ထဲ ကြာကြာကျွန်တော်မထားချင်တော့ဘူး။ အဲ့တော့ မပြောချင်ပေမဲ့ ကျွန်တော်ပြောရတော့မယ် baby ကိုလေ။

🖤 ဖေဖေ အရမ်းအေးနေပြီလေ baby ရဲ့ နွေးနွေးထွေးထွေးနဲ့ အခိုးအငွေ့တွေအဖြစ် ထွက်သွား
ခွင့်ပြုပြီး မေမေ့ဘေးမှာ သူ့အရိုးပြာအိုးလေးကို နေရာချပေးသင့်နေပြီလေ

အကြောက်အကန်ငြင်းဆန်နေခဲ့တဲ့ ကောင်လေးဟာ အခုတော့ တအိအိနဲ့ ငိုနေရှာပြီ။ တစ်ယောက်တည်းကျန်တဲ့ ဖေဖေ့ကို ဆုံးရှုံးရတာက သူရောကျွန်တော်ပါ တူတူပဲမို့ သူနာကျင်ရင် ကျွန်တော်သေလုမျောပါးခံစားရတာမို့ ပိုပြီးနာကျင်ရပါတယ်ဗျာ။

အရမ်းမြန်ဆန်နေတာသိပေမဲ့ အေးစက်နေတဲ့အခန်းထဲမှာ ဖေဖေ့ကို ကျွန်တော်မထားချင်တော့တာပါ။ သူသွားလိုရာလမ်းခရီးကို နွေးထွေးစွာနဲ့ပဲ အမြန်ဆုံးသွားဖို့ ခွင့်ပြုလက်လွှတ်လိုက်ချင်တာပါ။

❤️ တကယ်မရှိတော့ဘူးပေါ့ အခု သွားခွင့်ပြုလိုက်ရင်

ငိုနေတဲ့သူ့ကို ခပ်တင်းတင်းပွေ့ဖက်ရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပါဘူး။ ခံစားချက်တွေနဲ့ သူ့ကိုကြာရှည်မထိခိုက်စေချင်သလို ဖေဖေ့ကိုလည်း အေးစက်မနေစေချင်တော့ဘူးလေ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now