🖤Absquatulate-1❤️

633 108 276
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Absquatulate-1❤️

အကြင်နာအကြည့်တွေ အကြောင်းကို သိကြလား?

ချစ်ရသူတို့ အကြည့်ချင်းဆုံတဲ့အခါ ကမ္ဘာတစ်ခုကို ပြောင်းလဲသွားစေနိုင်တယ်တဲ့...

ကမ္ဘာတစ်ခုကို ပျက်စီးစေမဲ့ အကြည့်တွေကရော မုန်းတဲ့သူတို့ အကြည့်ချင်း ဆုံကြရာကနေ စတာလား?

အဖြေကရော....???

🖤❤️🖤❤️

နှာသီးဝမှာ ရစ်ဝဲနေတဲ့ အနံ့တစ်ခုကြောင့် အသိနဲ့စိတ်ကပ်ကာ နိုးထခြင်းဆီရောက်ခဲ့ပြီ။ သဲ့သဲ့ရနေတဲ့ ရနံ့ကို နှာခေါင်းရှုံ့ကာ အားစိုက်ရှူကြည့်တော့ ခေါင်းပေါ်ကဆံပင်တွေကြား နွေးထွေးတဲ့လက်တစ်ဖက်က ကျူးကျော်ဝင်ရောက်လာပြီ။

🖤 ခွေးလေးလား မျက်လုံးမဖွင့်ဘဲ အနံ့ခံနေတာ တရှုံ့ရှုံ့နဲ့

❤️ အင်း ကြက်စွပ်ပြုတ်ချက်ကျွေးမယ်ပြောထားတာကို မေ့ပြီး အနံ့ခံနေတာ

မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့ ရင်ဘတ်ကို လှုပ်ခတ်စေတဲ့ အကြည့်နွေးနွေးတို့ကို ကျွန်တော်ချစ်သည်။ ဒီအကြည့်တွေဟာ တစ်ဘဝစာ ကျွန်တော့်အတွက်ပဲ ဖြစ်နေမဲ့ အကြင်နာအကြည့်တွေလေ။

🖤 ဘာပေနေလို့လဲ

သူ့ကို စိုက်ကြည့်နေလို့ မျက်နှာကို လက်နဲ့ ဟိုသုတ်ဒီပွတ်လုပ်နေတဲ့လူကြီးကို မှီရာလှမ်းဆွဲချလိုက်တော့ ဝင်သက်ထွက်သက်နှစ်ခုဟာ နီးကပ်စွာ ပွတ်တိုက်မိနေကြပြီ။

ကျွန်တော့်မျက်နှာပေါ် အုပ်မိုးနေတဲ့ သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်လိုက်ရင်း ခံစားလိုက်ရတာက ဒီလူဟာကျွန်တော့်အပိုင်ပဲ။ ကျွန်တော့်အချစ်ကို ပိုင်စိုးသော ဘုရင်တစ်ပါး ကျွန်တော့်ကမ္ဘာကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင်ဆိုတဲ့ အသိနဲ့ ရင်ထဲတကယ်နွေးထွေးလွန်းသည်။

အလိုအလျောက်ဖြစ်တည်လာတဲ့ အကြင်နာဟာ သူ့ပါးပေါ်လည်း မဟုတ် နှုတ်ခမ်းပေါ်လည်း မဟုတ်တဲ့ ထိုအကြည့်နွေးနွေးတို့ဆီသာ ဖြစ်သည်။ မှိတ်ချလိုက်တဲ့ မျက်ခွံမို့မို့ပေါ် မြတ်နိုးစွာ နမ်းရှိုက်တော့ ကျွန်တော့်လက်ထဲက ပါးနှစ်ဖက်က ဖောင်းလာပြီ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora