🖤Absquatulate-7❤️

616 104 177
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Absquatulate-7❤️

ရှိနေဖို့ မရွေးချယ်ဘဲ ရပ်တည်ပေးဖို့ ရွေးချယ်ခဲ့တဲ့ ချစ်ခြင်းက မင်းဖြစ်နေလို့တဲ့🖤❤️

🖤❤️🖤❤️

အနက်ရောင် အဝတ်အစားဆင်တူလေးတွေ ဝတ်ပြီး လောကကြီးနဲ့ ဆန့်ကျင်စွာ ပျော်ရွှင်နေကြတဲ့ အဖြူရောင်လေးတွေ......

ဝမ်းနည်းခြင်းဟာ ဘာရယ်မသိတဲ့ ရပ်ဝန်းမှာ လူဖြစ်ခွင့်ရနေသေးတဲ့ ကလေးဘဝက သိပ်အဖိုးတန်လွန်းတယ်လေ။

မသိနားမလည်ခြင်းတွေဟာ အေးချမ်းမှုနဲ့ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတယ်ဆိုတာမြင်ရတော့ ဘဝကို နောက်ပြန်ဆွဲ ဘာမှမသိတဲ့ ကလေးလေးပဲ ဖြစ်ချင်ပါတော့တယ်။

💛 ဖိုးရီးနဲ့တွေ့ရင် နှိုးနဲ့နော်

🕊️ နှိုးပါဘူးဆို မီး တိပါတယ်

💛 ညီမရေးက အာပြဲရီးနဲ့ ဖိုးရီးကို တွေ့ရင် အော်နေတာရေ မြဲတမ်းပဲ

🕊️ အော်ပါဘူးဆိုမှ အဲ့ တိုတိုက ဂျဂါးအရမ်းများတာပဲ

အမြဲ လူကြီးလေးလုပ်ပြီး ဆုံးမစကားတွေပြောတတ်တဲ့ ဖေဖေ့မြေးကြီးက ဖေဖေ့စကားနားထောင်ဖို့ သူ့ညီမကို သတိပေးနေတယ် ဖေဖေ။ လိမ္မာကြတယ် မဟုတ်လား ဖေဖေ့မြေးတွေက....

ဖေဖေနဲ့ နောက်ဆုံးတွေ့ခွင့်ရမဲ့ အချိန်ဆိုတာ မသိဘဲ ပျော်နေကြတဲ့ သားနဲ့သမီးအတွက် ကျွန်တော်အားတင်းထားရမှာပေါ့။ ကိစ္စတွေအကုန်လုံးပြီးရင် ဟိုတစ်ခါလို ကျွန်တော် အိပ်ပစ်မိမလားတောင်မသိပါဘူး။ ဘယ်လိုဖြစ်နေနေ အခုလောလောဆယ် ဒီတစ်ရက်ကတော့ ကလေးတွေနား အကောင်းဆုံးပုံစံနဲ့ ပြုံးနေပေးဖို့က ကျွန်တော့်တာဝန်ပါပဲ။

စိတ်ပင်ပန်းတာတွေစုပြီး လူက ပန်းဖျားဖျားချင်နေပေမဲ့ ကိုကိုမသိအောင်တော့အတတ်နိုင်ဆုံး ဖုံးဖိနေနေရတာပါပဲ။ ကိုကိုတောင် အတတ်နိုင်ဆုံးကြိုးစားနေတာကို ကျွန်တော်က ဘာဖြစ်ဖြစ် နောက်ဆုံးထိ တင်းထားရမှာပေါ့။

🖤 အဆင်သင့်ဖြစ်ရင် သွားကြမယ်လေ

❤️ အင်း သားနဲ့သမီးရေ သွားကြမယ်ဟေ့

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Tahanan ng mga kuwento. Tumuklas ngayon