🖤Verdant Note-29❤️

556 100 325
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-29❤️

💚📝You are my priceless one 🖤❤️

🖤❤️🖤❤️

မျက်လုံးပွင့်တာနဲ့ အလိုအလျောက် ထထိုင်မိခြင်းဟာ လူမသိသူမသိ စိုးရိမ်ပူပန်ခြင်းတို့နဲ့ဖြစ်သည်။

ဘေးကိုစောင်းငဲ့ကြည့်တော့ ကျွန်တော့်ရဲ့ ရတနာလုံးလေးတွေက အိပ်ပျော်နေကြတုံးပဲ။ သူတို့မနိုးအောင် အသာထကာ ဖုန်းကိုယူ ဝရန်တာထွက်ရပ်ကာ အရုဏ်ပျို့စမနက်ခင်းအလှကိုငေးလို့ အသက်ဝဝရှူလိုက်သည်။ ပြီးတော့ ချစ်လှစွာသော သူငယ်ချင်းဆီသို့ ဖုန်းခေါ်လိုက်သည်။

🖤 ဒီနေ့ သွားကြမယ် ဟေ့ကောင်

🍍 အေးကွာ အေး ငါလိုက်ပို့မယ် ငါကြိုပြောပြီးသားနော် မင်း ဘာစကားမှ မဟနဲ့ အဲ့ဒါဆို လိုချင်တာလွယ်လွယ်ရလိမ့်မယ်

🖤 ၈ နာရီထိုးအမှီ ငါ့ကို လာခေါ်

🍍 ok

ဖုန်းပြောပြီးတော့ သက်ပြင်းမောတစ်ချက်ကို ရှိုက်ထုတ်လိုက်သည်။ လိုချင်နေတဲ့အရာကို နောက်ကျမှပေးရင် baby က အသိအမှတ်ပြုပါ့မလား။ အသိအမှတ်ပြုတယ်ဆိုဦးတော့ ခုချိန်မှ တမင်သက်သက်လုပ်ပြနေတာမျိုးများ ဖြစ်နေမလား။

စမိပြီးမှ တွေဝေနေရတာက baby အပေါ်မှာထားတဲ့ တန်ဖိုးကို မလျော့ပါးစေလိုစိတ်နဲ့ပါ။ သူအထင်တစ်မျိုးရောက်သွားမှာကို အဖြစ်မခံချင်တာမျိုးပါ။ ဒါပေမဲ့ စွန့်လွှတ်ပြီးသားအရာတစ်ခုကို တန်ဖိုးထားပြီး ပြန်ရယူပေးချင်တယ်။ သူ့ကိုချစ်လို့လေ။

အခန်းထဲပြန်ဝင်ပြီး ရေမိုးချိုးသွားတိုက်လို့ပြီးတော့ အကြင်နာတုံးလေးတွေက နိုးလာကြပြီ။

❤️ ကိုကို အစောကြီးနိုးနေတာလား

🖤 အင်း Nick နဲ့ အပြင်သွားမလို့

❤️ ကြာမှာလား

🖤 မပြောတတ်ဘူး မကြာလောက်ပါဘူး နေ့ခင်း ညနေတော့ ပြန်ရောက်မှာပါ

❤️ ကိုကို တစ်ခုခုဖြစ်နေတာလား နေမကောင်းဘူးလား

သဘတ်တထည်ပဲ ခါးမှာပတ်ထားတဲ့ကျွန်တော့်ကို လာဖက်တော့ ရင်ဘတ်ကရေစက်တွေက အိပ်ရာထစမျက်နှာနီနီလေးကို စိုစေပြီ။ ပါးဖောင်းလေးက ရင်ဘတ်ကိုဖိကာ ဟိုတိုးဒီစမ်းလုပ်နေတော့ စည်းချက်မမှန်တဲ့ ရင်ခုန်သံတွေသူ့ကိုမကြားစေချင်တာမို့ သူ့ကိုယ်လုံးကိုအသာလေး တွန်းလိုက်ရသည်။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Tahanan ng mga kuwento. Tumuklas ngayon