🖤A Million Dreams - 55❤️

829 121 227
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-55❤️

ဆူညံနေတဲ့ ကလေးသံတွေကြားမှာ ကျွန်တော်ရယ် Nick နဲ့ Leo ရယ် ပြီးတော့ Blueရယ် ဝင်ထိုင်နေကြသည်။ ၅ နှစ်အောက်ကလေးတွေကစားကြသော ကစားကွင်းမို့ မိဘအုပ်ထိန်းသူနဲ့မှ ပေးဝင်တယ်လေ။ ကလေးငယ်တွေ စိတ်ကြိုက်ခုန်ပေါက်ဆော့ကစားနေတာမြင်တော့ baby ကို သတိရတာက ပြင်းပြင်းပြပြ။ သူသာပါရင် ကလေးတွေနဲ့ မောရကောင်းမှန်းမသိအောင် ဆော့နေမှာ။

baby ကို သတိရစိတ်ကို မထိန်းနိုင်တော့ သက်ပြင်းချမိချိန်မှာ ဘေးချင်းကပ်ထိုင်နေတဲ့ Blue ဆီကလဲ ကျွန်တော့်လိုပဲ သက်ပြင်းချသံကြားလိုက်ရသည်။

💙 ကျွန်တော် ပြောစရာရှိတယ် P'....

🖤 အင်း ပြောလေ ငယ်လေး

💙 P'Saint အခု ဆေးရုံမှာ

ထိုင်နေရင်းနဲ့ တစ်ကိုယ်လုံးချောက်ထဲလွင့်ကျသွားသလိုပဲ။ ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ။ အံ့သြစိတ်နဲ့ ကျွန်တော် မှင်သက်မိနေတုံးမှာ Blue က ဆက်ပြောသည်။

💙 P'ကို မပြောပြနိုင်ခဲ့တာကို စိတ်မရှိပါနဲ့ဗျာ ဒီနေ့ ကျွန်တော်တို့ ၃ယောက်လုံး ကိုယ့်တာဝန်ကိုယ် ကျေခဲ့ကြပါတယ် P'ကလဲ ကလေးတွေအတွက် တာဝန်ကျေခဲ့သလို P'Saint နဲ့ကျွန်တော်ကလည်း King ကို အကောင်းဆုံး လှည့်စားနိုင်ခဲ့ကြတယ်လေ ကျွန်တော်တို့ မရှုံးခဲ့ပါဘူး

ပြီးတော့ ကျွန်တော့်ပယောဂမကင်းခဲ့တဲ့အတွက်
ခွင့်လွှတ်ပေးပါ P'.....

ဘေးဘီဝဲယာကိုကြည့်ပြီးမှ ကျွန်တော့်လက်ထဲမသိမသာထိုးထည့်ပေးလာတဲ့ ကျွန်တော်တို့ရဲ့ လက်ထပ်လက်စွပ်လေး။ ရင်ထဲနင့်ပြီး ကျွန်တော်ယူဖို့အားတောင်မရှိတော့။ ကျွန်တော့်ရဲ့ကလေးလေးက အကောင်းဆုံးဖြတ်ကျော်သွားခဲ့တာပဲ။

🖤 သူ့ဆီကယူထားတယ်ဆိုရင် အကျိုးရှိအောင်အသုံးချပြီးမှ ပြန်ပေးလိုက်ပါ ငယ်လေး P'တို့ ဒါရိုက်တာလေးက ဘာတွေ ညွှန်ကြားဦးမလဲမှမသိတာ ပြီးတော့ မင်းရဲ့ ၃ နာရီမှာ ဟိုကောင်ထိုင်ကြည့်နေတယ်

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Où les histoires vivent. Découvrez maintenant