🖤 Tabula Rasa-6❤️

550 81 480
                                    

Unicode

🖤 Theories of LOVE❤️

🖤 Season-4❤️

🖤 Tabula Rasa-6❤️

အေးစက်စက်ဆောင်းရာသီမနက်ခင်း...

အိပ်ရာထဲမှာ စောင်ခြုံကွေးလို့ကောင်းနေဆဲကာလ...

နိုးနေပေမဲ့ ချက်ချင်းမထဘဲ ကွေးနေရတာက တကယ်အရသာရှိတာပါ။ ဒီနေ့ရုံးတက်ရမှာမို့ လူကစောစောနိုးနေပေမဲ့ အအေးဓာတ်ကလေးက အိပ်ရာအပေါ်သစ္စာရှိဖို့ ပြောနေတာမဟုတ်လား။

မျက်လုံးမှိတ်ပြီးဇိမ်ခံနေတုံး ချိုးချိုးချွတ်ချွတ်အသံသဲ့သဲ့ကြားရပြီး ရင်ခွင်ထဲတိုးဝင်လာတဲ့‌ ခေါင်းလံုးလံုး‌ လေးကြောင့် ကျေကျေနပ်နပ်ရင်ဖွင့်ကြိုလိုက်ရပြီ။

❤️ကိုကို အေးတယ်

🖤လာ လာ ဖက်ထားကြမယ်

သားနဲ့သမီးက စောင်ထူထူကြားအချင်းချင်းဖက်အိပ်နေကြတာမို့ နွေးနွေးထွေးထွေးရှိကြမှာပါ။ရင်ခွင်ထဲဝင်လာတဲ့ ကတုံးလေးကတော့ ပါးလေးတွေနဲ့ နှာခေါင်းလုံးလေးက အေးစက်နေတာမို့ လက်ဖဝါးနွေးနွေးနဲ့ ပွတ်သပ်ပေးတော့ ယုန်‌ကလေးအလား ငြိမ်လို့။

❤️နွေးသွားပြီ ကိုကိုက မီးလင်းဖိုကြီးလိုပဲ ကောင်းလိုက်တာ

🖤ကဗျာဆန်ဆန်ပြောစမ်းပါကွာ ကိုယ့်ဟာကို မီးလင်းဖိုနဲ့တွဲကြည့်ရတာ အဆင်မပြေဘူး

❤️သိဘူးဗျာ ကိုကို့ရင်ခွင်က တလောကလုံးမှာအနွေးဆုံးပဲ

🖤အဲ့ဒါတော့အမှန်ပဲ ဟဲဟဲ ကိုကို့ရင်ခွင်က အချစ်ကလေးအတွက် အနွေးဆုံးပဲ

မျက်နှာဝိုင်းလေးကို လက်နဲ့ဖေးယူပြီး နမ်းတော့ပူတင်းတုံးနွေးနွေးလေးထဲ နှာခေါင်းနှစ်ထားရသလိုပဲ အိအိစက်စက်နဲ့။

🖤ကောင်းလိုက်တာ စားချင်လာပြီ

❤️မနက်စောစောစီးစီးနော် အိပ်ဦးမှာ

🖤အိပ်ပါဗျာ baby မျက်နှာလေးက ပူတင်းတုံးလေးလိုဖြစ်နေလို့ စားချင်တယ်လို့ပြောတာပါကွာ

❤️ဟီး မသိဘူးလေ စားချင်တယ်ဆိုတာကိုး

🖤ကိုကိုအလုပ်က ညနေမှပြန်ရောက်မှာ လွမ်းလိုက်တာကွာ

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now