မနက်ဖြန်မှာ လိုင်းမရတာမျိုး ဖြစ်မှာစိုးလို့ ဒီနေ့ကြိုတင်ပေးလိုက်ပါတယ်။စာမရေးတာကြာပြီမို့ ဖတ်မကောင်းရင် သည်းခံပေးကြပါ။
Unicode
🎂Happy Birthday ဒီဒီ🎂
March လရဲ့ ညချမ်းတွေမှာ တစ်နေကုန်ပူထားသမျှ အပူရိပ်တို့ကို လေအေးတို့က ရိပ်စားခြေဖျက်လျက်...
သစ်ရွက်နဲ့လေအေးတို့ကြားက ရင်းနှီးချစ်ကြည်သံတို့ဟာ သိမ်မွေ့လိုက်ကြမ်းတမ်းလိုက်နဲ့...
ခုံးမျက်စသဏ္ဍာန် သုံးရက်လကတော့ ခပ်ကွေးကွေးရေးရေးပဲထင်လို့...
🖤ငါက ဒီည ၁၂ ဝှါးးးးးး ထိနေမှာကွ
💛 ချောက်ပြောနေနဲ့ ပဂျပ်ရီးပြဲပြီးတော့
🕊️ဟားဟား ဒီဒီ အိပ်ချင်နေဘီ ပါပါးရေ ရာကျိပါအုံး
ထမင်းစားပြီး ကိုယ့်အကြံနဲ့ကိုယ်ဖျော်တိုက်ထားတဲ့ ကော်ဖီက အခုတော့ အစွမ်းတွေပြနေပြီထင်သည်။ရိပ်ခနဲပြုံးမိလိုက်တာကို အရှိန်သတ်လို့ ဝရန်တာကနေ အခန်းထဲပြန်ဝင်တော့ သားအဖတွေ စကားနိုင်လုဖို့ အစပျိုးနေကြပါပြီ။
🖤မအိပ်ချင်ဘူးကွ မင်းကလည်း ငါပင်ပန်းလို့ သမ်းနေတာကွ ဝှါးးးးး ဒီည ၁၂နာရီထိစောင့်ပြီး Happy Birthdayလို့ အော်မှာ
💛တားတားကတော့ အိပ်မှာ စောင်ရီးအုပ်ပီး အိပ်မှာ
🕊️စောင်ခြုံတာပါ တိုတိုကရဲ
🖤ဘာလဲ မင်းတို့က ဒီဒီ့ကို Happy Birthdayလို့မပြောချင်ဘူးလား မနှစ်ကတောင် ကပြတယ်လေကွာ
ဟိုကောင်လေးကရော ဒီနှစ် ဘာsurpriseမှ မတိုက်တော့ဘူးလားကိုယ့်အကွက်ထဲဝင်လာပြီမို့ သူတို့ သားအဖတွေနားဝင်ထိုင်ရင်း အားရပါးရပြောချပစ်လိုက်ပါပြီ။
❤️ဆုတောင်းလေ လက်စွပ်ဖိုးဘယ်နှစ်ခါ အကုန်ခံရမှာလဲ
သူ့ကိုအဲ့လိုပြောတော့ ကြည့်တဲ့အကြည့်က မကျေမနပ် မျက်လုံးတို့က မှေးစင်းလို့ ခေါင်းကခပ်စောင်းစောင်းနဲ့ သုူ့ကိုယ်သူ ရုပ်ရှင်ထဲက ဂိုဏ်းစတားလိုလို ဘာလိုလို။ သူကအဲ့လိုကြည့်တော့ သူ့သားသမီးများကလည်း ပေစောင်းစောင်းနဲ့ သူ့ပြန်ကြည့်ကြသည်။
ESTÁS LEYENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️