Unicode
🖤Theories of LOVE❤️
🖤 Season-4❤️
🖤Verdant Note-39❤️
💚📝ယုံကြည်ခြင်း နှစ်ထပ်နဲ့ကမ္ဘာကို ဒီသံယောဇဉ်ကြိုးနှစ်မျှင်နဲ့ ရစ်ပတ်ပါ့မယ် ပို၍ခိုင်ဖို့ မြဲဖို့လေ
🖤❤️🖤❤️
ညနေစောင်း ၄နာရီအချိန်မှာ ဘူတာရုံကနေ လမ်းခွဲကြဖို့ပြင်တော့ Danတို့နဲ့ P'က ဘာတွေပြောနေကြတယ်မသိ။
ဆောင်းရာသီကာလမို့ အအေးဓာတ်လေးစိမ့်လာတာကို ခံစားမိပေမဲ့ အိမ်ကိုလမ်းလျှောက်ပြန်မှာပဲမို့ ချမ်းနေမှာကိုတော့ စိတ်မပူရပါဘူး။
💚 မင်းတို့ကို Dan က ဖိတ်နေတယ် သူတို့ campsiteကို လာခဲ့ပါတဲ့
"Broadstone Park က ငါတို့အပိုင်ပဲ မင်းတို့လာနေလို့ရတယ် Wye Valley က အထင်ကရနေရာတွေရော Forest of Dean က နေရာကောင်းတွေနဲ့ရော နီးတယ်"
"မင်းတို့လာတည်းရင် ငါတို့က ဧည့်ဝတ်ကျေမှာပါ ပိုက်ဆံတစ်ပြားမှပေးစရာမလိုပါဘူး"
🖤အားနာပါတယ်ဗျာ အဲ့လိုကြီးတော့မလုပ်ပါနဲ့
"သဘာဝကပေးထားတဲ့ မြေနေရာကြီးမှာ ငါတို့က ဧည့်သည်ကို ဧည့်ဝတ်ကျေခွင့်တော့ရှိပါတယ်ကွ မင်းတို့က သာမန်ခရီးသွားတွေမှမဟုတ်တာ။ ငါတို့သူငယ်ချင်းဖြစ်သွားပြီလေ"
💚လက်ခံလိုက်ပါ စေတနာကို ငြင်းလွန်းနေရင် ရိုင်းရာကျလိမ့်မယ်
P' က သတိပေးတာမို့ အားနာစွာနဲ့ပဲ လက်ခံကြောင်း ပြောတော့ အဖိုးကြီးတွေရဲ့အပြုံးက တောက်ပလို့။
"ဒါဆို ဒီညကစ လာအိပ်ကြ ငါတို့ Tentတွေ ပြင်ထားလိုက်တော့မယ် "
💚See u guys အိမ်ပြန်ရေမိုးချိုး အဝတ်အစားထည့်ပြီး လာခဲ့မယ် ငါ့ကောင်တွေ အိမ်ပြန်ကြစို့
သူတို့ကိုနှုတ်ဆက်ပြီး အိမ်ပြန်တဲ့လမ်းတစ်လျှောက်မှာ P'က အခုသွားမဲ့နေရာအကြောင်းကို ပြောပြသည်။
💚အခု သွားမဲ့ Campsiteက Englandနဲ့ Welsh
နယ်စပ် Monmouth နဲ့ Colefordဆိုတဲ့ ဈေးမြို့လေးတွေနားမှာ ရှိတယ်အရမ်းလှတဲ့ မြက်ခင်းပြင်ကျယ်ကြီးတွေရှိသလို သဘာဝရဲ့အငွေ့အသက်တွေ အပြည့်အဝရတဲ့ Campsiteကြီးပေါ့
VOCÊ ESTÁ LENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️