Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Verdant Note-31❤️
💚📝 သူနဲ့ အတူတူရှိနေရခြင်းက အချစ်တဲ့
🖤❤️🖤❤️
အမြဲပြုံးနေတတ်တဲ့ အဝါရောင်လေးဟာ အခုကျွန်တော့်ရင်ခွင်ထဲမှာ ခွေပျော့လို့။ ချွေးစလေးတွေစို့နေတဲ့ နဖူးကို နှုတ်ခမ်းနဲ့ဖိနမ်းရင်း ချွေးတွေသုတ်ပေးနေရချိန်ဟာ ရင်ထဲမှာ မသက်မသာ။
ဖျားခဲနာခဲတဲ့ ကလေးမို့ ခုလိုမြင်ရတာက ရင်ထဲမကောင်းလှ။ အဖျားကမကျသေးပေမဲ့ တက်မလာတာကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတော့ ဆေးကလည်း တိုက်ထားကာစမို့နေမှာပါ။ ချွေးလေးတွေစို့လာပြီဆိုတော့ အဖျားကျသွားရင် သူသက်သွားမှာပါ။
နေမရထိုင်မရစိတ်နဲ့ ဖုန်းယူပြီး အန်ကယ့်ဆီ အားနာနာနဲ့ပဲ ဆက်ရပြီ။
🖤 ဟယ်လို အန်ကယ် သားပါ Perth
"အေး သားပြော မနက်စောစောစီးစီး Saint တစ်ခုခုဖြစ်လို့လား"
🖤 သူမဟုတ်ဘူး အန်ကယ်ရေ အကြီးကောင် Joy ဖျားနေတာ လန့်ဖျားဖျားတာ ထင်ပါတယ် အန်ကယ်ရယ် မနေ့ညက သူ့ညီမသူစလို့ အသံပျောက်အောင်ငိုတာကြည့်ပြီး လန့်သွားတာ
"သြော် ဖြစ်မှဖြစ်ရလေကွာ ငါ့မြေးကတော့ အခုအဖျားတိုင်းထားလား"
🖤ဟုတ် ၁၀၀ တဲ့ အန်ကယ် အခုတော့ ဆေးတစ်ခွက်တိုက်ထားပြီး သိပ်ထားတယ် ချွေးတော့စို့နေတယ်
"အေး ချွေးစို့နေရင် မစိုးရိမ်ရပါဘူး ချွေးနဲ့ပြန်အအေးမပတ်အောင်သာ ဂရုစိုက် စောင်အထူကြီးလည်း မခြုံပေးနဲ့ စောင်ပါးလေးပဲခြုံပေး အဖျားကတော့ ခုပုံဆို ကျသွားမှာပါ နိုးလာရင် ဆန်ပြုတ်လေးတိုက်ပြီး ဆေးထပ်တိုက်လိုက်ဦး"
🖤 ဟုတ်ကဲ့ အန်ကယ်
"ကလေးဆိုတော့ ဖျားနာတဲ့အခါ အီမှာပဲ လူကြီးတွေလို မပြောပြတတ်တော့ ကိုယ်ကသေချာ
ကြည့်ပြီး ဂရုစိုက်ပေးဖို့လိုတယ် အဖျားကျသွားရင် ချောင်းဆိုးတာတို့ ကိုယ်လက်နာတာတို့နဲ့ နုံးပြီး ကျန်ခဲ့မှာပဲဒီရက်တွေထဲ အဖျားအမြစ်ပြတ်အောင်သေချာလေးဂရုစိုက် အဖျားအရမ်းတက်တာနဲ့ ဆေးရုံသာချက်ချင်းလာခဲ့ ငါ နေ့ခင်းလာခဲ့ပါဦးမယ်
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️