🖤A Million Dreams-69❤️

856 125 361
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-69❤️

ခေါင်းစဥ်မဲ့ ပြုံးရယ်ခြင်းဟာ မင်းဖန်တီးတဲ့ ငါ့နှလုံးသားရဲ့ ကဗျာ....🖤❤️

🖤❤️🖤❤️

ကမ်းခြေရဲ့ ညနေဆည်းဆာချိန်အပြီးမှာတော့ ဟိုတယ်ရဲ့ Private garden က ညစာစားချိန်ကို ပါဝင်ဆင်နွှဲဖြစ်ကြသည်။ ဒေသရဲ့ ရိုးရာအစားအစာတွေ ပင်လယ်နံ့ရောနေတဲ့ လေငွေ့တွေရယ် ဟာဝိုင်အီရဲ့ ချစ်စရာလေသံတွေကြားမှာ ခံစားချက်တွေဟာ လွတ်လပ်ပေါ့ပါးလို့....

ဟိုတယ်က ဝန်ထမ်းအချို့ရဲ့ ရိုးရာအကအလှ သီချင်းနဲ့ ကပြဖျော်ဖြေမှုတွေကလည်း ခံစားချက်အသစ်တွေကို ပေးစွမ်းနိုင်သည်။ ပျော်ရွှင်ခြင်းသာမက သဝန်တိုဒေါသထွက်ရခြင်းတချို့ပါ ကပ်ပါလာစေသည်အထိပေါ့။

ကိုကိုလေ ဝိုင်တစ်ခွက်သောက်ပြီး Aloha ဆိုတဲ့ စကားတစ်လုံးကို တွင်တွင်ပြောရင်း ပျော်မြူးနေတာ မိုးမမြင်လေမမြင်။ Aloha ဆိုတာ ဟာဝိုင်အီ ဘာသာစကားနဲ့ဆို နှုတ်ဆက်တာတင်မက ချစ်တယ်လို့လည်း အဓိပ္ပါယ်ရသေးတယ် မဟုတ်လား။ အလကားနေ အလကား ဘာလို့ တွေ့သမျှလူကို Aloha နေရတာလဲမသိဘူး။

အေးအေးဆေးဆေး စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်နေတာကျေနပ်ပေမဲ့ နှလုံးသားကတော့ ကျွန်တော့်အတွက်ပဲ ဖြစ်စေချင်တယ်။ ယုတ်စွအဆုံး ခုလို စကားလုံးလေးတစ်လုံးတောင် သူ့ပါးစပ်ကနေထွက်တာကအစ ဘယ်သူ့အပေါ်မှ မသက်ရောက်စေချင်ဘူးဗျာ။ အချစ်နဲ့ပတ်သက်ရင် လူတွေက အရူးတွေတဲ့။ သိပ်သေချာတာပေါ့ ကျွန်တော်က သူနဲ့ဆို အကြောင်းပြချက် များများစားစားမလိုဘဲ ရူးနိုင်တယ်လေ။

သားနဲ့သမီးကလည်း သူနဲ့အတူ မပီကလာနဲ့ Aloha နေတော့ တစ်ယောက်တည်း စိတ်တွေကွေးနေရတာပေါ့ဗျာ။ ကလေးတွေရဲ့ အပြုံးအပျော်တော့ မဖျက်ဆီးချင်ဘူးလေ။

🕊️ ပါပါး မီးကို ချိုရည် တိုက်ပါဦး

💛တားတားရဲ တောက်မယ်

သမီးနဲ့သားက ကိုကို့နားကနေ ကျွန်တော့်နားပြေးလာပြီး အချိုရည်တောင်းတော့ အခွံဖွင့်ထားတဲ့ အုန်းသီးပိစိတစ်လုံးကို သူတို့ပေါင်ပေါ်တင်ပေးလိုက်သည်။ ပိုက်တပ်ပေးထားတာမို့ အဆင်သင့်စုပ်သောက်ရုံပဲလေ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Où les histoires vivent. Découvrez maintenant