Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-49❤️
လေထုအေးအေးကြောင့် ရင်ခွင်ကနွေးပေမဲ့ ကျောပြင်ကအေးသည်။ ပွေ့ဖက်ထားတဲ့ရင်ခွင်ကျယ်မှာ မျက်နှာဖွက်ထားရင်း အအေးဒဏ်ကို အပျင်းစိတ်နဲ့ အံတုပေမဲ့ မရ။ ညက နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဝရန်တာဘက်က တံခါးပိတ်ဖို့မေ့ပြီး အိပ်ပျော်သွားကြတော့ လေသရမ်းတွေက မနက်စောစောမှာ ကြမ်းတမ်းနေပြီလေ။
ထလဲမပိတ်ချင် မျက်လုံးကလဲမဖွင့်နိုင်နဲ့ နွေးထွေးစေဖို့ တတ်နိုင်တာက ကွေးရုံသာ။ ကိုကို့ကိုဖက်ထားရင်း အိပ်ချင်မူးတူးနဲ့ အားရပါးရ ဒူးအကွေးမှာ အင့်ခနဲ အသံနဲ့ ကျွန်တော့်ဘေးက ကိုကိုမရှိတော့။ ဘာလဲ ကျွန်တော်ကန်မချပဲ
ကုတင်အောက် ပြုတ်ကျသွားတာလား။❤️ ကိုကို
🖤 အေး သေပြီ
❤️ ဟင်
သေပြီဆိုတဲ့အသံက ဘေးကမဟုတ်ပဲ အောက်ကနေထွက်လာလို့ ကုတင်အောက်ငုံ့ကြည့်တော့ မျက်နှာကြီးရှုံ့တွပြီး ပေါင်ကြားထဲလက်ထည့်လို့။ အခြေအနေအရပ်ရပ်ကို အိပ်ချင်မူးတူးကြားကနေ နားလည်လိုက်တာကြောင့် မျက်လုံးကောင်းကောင်းမဖွင့်နိုင်ပေမဲ့ သွားတော့ဖြဲပြလိုက်သည်။
❤️ ဆောရီး ကိုကို ထ ထ
သူ့အင်္ကျီစကို ကုတင်ပေါ်ကနေလှမ်းဆွဲပြီး ထခိုင်းပေမဲ့ ကံမကောင်းစွာပဲ မှားဆွဲမိတာက သူ့ဆံပင်ဖြစ်နေသည်။
🖤 အားးးးး baby ဟေ့ရောင် ငါ့ဆံပင်တွေမဆွဲနဲ့လေ လွှတ်ဟ
အဲ့တော့မှ မျက်လုံးကောင်းကောင်းပွင့်ပြီး ကပြာကယာနဲ့ ကုတင်ပေါ်သူ့ဆွဲတင်တော့ ရှုံ့မဲ့မဲ့ နဲ့ ဆံပင်တွေလဲပွလို့ သနားစရာပုံစံလေးနဲ့ ထိုင်နေတော့သည်။
❤️ baby ချမ်းလို့ကွေးလိုက်တာပါ ကိုကိုရယ် နာသွားလား
🖤 သြော် ပြန်ခံကြည့်ပါလား လာ
ပြောရင်းဆိုရင်း ဒူးခေါင်းတစ်ဖက်ထောင်လာတော့ စိတ်မြန်လက်မြန်နဲ့ ပိတ်ရိုက်ပစ်လိုက်သည်။
أنت تقرأ
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
أدب الهواةFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️