Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Absquatulate-3❤️
မသေဆုံးသော မေတ္တာတရားဟာ ကတိတို့ ဘယ်လိုတည်ရမယ်ဆိုတာကနေ ဆင်းသက်လာခြင်းသာ ဖြစ်သည်....
🖤❤️🖤❤️
၃ ရက်ရှိပြီ...
ဒီ ၃ ရက်အတွင်းမှာ စိတ်တွေလည်း ထုံထိုင်းခြင်းနဲ့အတူ အရေထူခဲ့ပြီ။ နေ့စံညခံ ငရဲလိုမျိုး တစ်နေကုန် သားနဲ့ သမီးအနားမှာနေ သူတို့စိတ်နှလုံးလေးတွေ နွေးထွေးအောင် ပြုစုယုယရတာ က်ိုကိုနဲ့ကျွန်တော်ပေါင်း နှစ်ယောက်စာ။ ညဘက်ရောက်တဲ့အခါတော့ တိတ်ဆိတ်ခြင်းနဲ့ ကိုကို့နားရှိနေပေးရင်း ငရဲခံရတာပေါ့ဗျာ။
သိပ်သန်မာတဲ့ ကိုကိုဟာ အခုချိန်မှာ ကျွန်တော်သာ မရှိနေပေး တစ်လောကလုံးကို နင်းခြေနိုင်သေးတဲ့လူအဖြစ် ရှိနေဆဲပဲ။ ကျွန်တော့်ရဲ့ ငိုသံ မကြားရသေးသရွေ့ပေါ့။ သူ့ရဲ့ တစ်ခုတည်းသောအားနည်းချက်ဖြစ်နေတဲ့ ကျွန်တော်က ကိုကို့ကို ခုလိုချိန်မှာ မပြိုလဲစေချင်ဘူးလေ။ အဲ့ဒီတော့ ကိုယ့်ငရဲပဲ ကိုယ်ခံရင်း သူ့ကို ညတိုင်း ငေးမော အိပ်ပျော်ရတဲ့ဘဝကို ရွေးချယ်ထားရတာပဲ။
ဖေဖေ့ကို ကတိပေးထားတာကြောင့်လည်း အများကြီး ပါပါတယ်။ ငိုနေရုံနဲ့ ထူးမနေတဲ့ ဘဝမဟုတ်လား။ လောကဓံကြား အလိုက်သင့်ရှင်သန်ရင်း အားမွေးရမဲ့အချိန်မို့ ကျွန်တော်အခု တကယ်မငိုတော့ဘူး။ ငိုလည်း မငိုချင်တော့သလို ငိုစရာ မျက်ရည်လည်း မရှိတော့ဘူး။
အဆုံးမရှိတဲ့ ချစ်ခြင်း မေတ္တာဟာ ကတိတည်ဖို့ကြိုးစားရင်းကနေ ဖြစ်တည်လာတယ်ဆိုတဲ့ ခံစားချက်ကို တဖြည်းဖြည်းချင်း နားလည်လာရပြီ။ ကိုကို့ရဲ့ ဘဝလက်တွဲဖော်အနေနဲ့ ညံ့ဖျင်းသူဖြစ်ပါစေဦးတော့ သားနဲ့သမီးအတွက်တော့ ကျွန်တော်က ဖေဖေ့လို ဖေဖေမျိုး ဖြစ်ချင်တယ်။
ပြောထားတဲ့ ကတိစကားကို ဘယ်လိုအခြေအနေမှာမဆို တည်ဖို့ကြိုးစားနေတဲ့ ဖခင်ပေါ့။ ကြိုးစားရသမျှ ဘဝအခက်အခဲတွေကြားမှာ ကတိတည်ခြင်းဟာ အခက်ခဲဆုံးနဲ့ အနွေးထွေးဆုံးပါပဲ။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️