Unicode
🖤Theories of LOVE❤️
🖤 Season-4❤️
🖤Verdant Note-38❤️
💚📝 I wanna make you feel my love baby
🖤❤️🖤❤️
တစ်ကိုယ်စာ ပစ္စည်းကိုယ်စီသယ်ရင်း အိမ်ကနေထွက်လာတော့ မနက်၁၀နာရီ။
ဒီနေ့သွားမှာကတော့ Perrygrove ကနေ ရထားစီးပြီး Foxy hollowဆိုတဲ့ နေရာကို သွားကြမှာပါ။ Forest of Dean ရဲ့ အစွန်ပိုင်းမှာရှိပြီး လာရောက်လည်ပတ်သူမိသားစုတွေ မသွားမဖြစ်သွားကြတဲ့ နေရာလေးပေါ့။
ရထားစီးလိုက် Foxy Hollowက Treetop Adventureလုပ်လိုက် ကစားလိုက်နဲ့ အချိန်ဖြုန်းကြမှာတဲ့။
💚ရထားလက်မှတ်က တစ်ခါပဲဝယ်ရမှာ တနေကုန် Foxy Hollowထဲ လှည့်ပတ်သွားနေသမျှ ဘူတာတိုင်းကနေ ကြိုက်သလိုစီးလို့ရတယ် တစ်ခါစီး တစ်ခါဝယ်စရာမလိုဘူး
အိမ်ကထွက်လာတည်းက ဝက်ကလေး၂ကောင်က ရထားလိုအော်ပြီး ထွက်လာကြတာ ဆူညံနေတော့ လမ်းကလူတွေတောင် ကွက်ကြည့်ကွက်ကြည့်နဲ့။
ကိုယ်တွေတည်းတဲ့ cottage ကနေ ရထားဘူတာရှိရာက ကားနဲ့သွားရင် ၁၀မိနစ်လောက်ပဲဆိုတော့ အခု လမ်းလျှောက်ရင် အလွန်ဆုံးကြာ ၁၅မိနစ်ပေါ့။
ရှေ့ဆုံးက P'က ဦးဆောင်ပြီး သူ့နောက်မှာ သားနဲ့သမီးက လက်ချင်းတွဲလို့ နောက်ဆုံးမှာတော့ ကျွန်တော်နဲ့ babyပေါ့။ သူ့လက်ဖဝါးအိအိလေးကို ထွေးဆုပ်ရင်း လမ်းလျှောက်ရတာ ကြည်နူးစရာလည်းကောင်း ပျော်စရာလည်းကောင်းပါတယ်။
လှမ်းတဲ့ခြေလှမ်းတွေကအစ တူနေတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကျေနပ်ရတာပေါ့။
ဘူတာထဲရောက်တော့ သူလိုကိုယ်လို မိသားစုလေးတွေက ဟိုတစ်စု ဒီတစ်စုနဲ့။ လက်မှတ်ရုံမှာ လက်မှတ်သွားဖြတ်တော့ Puzzle wood တုန်းကလိုပဲ မိသားစု၄ယောက်စာလက်မှတ်က £ 27.50
လူကြီးတစ်ယောက်စာက £7.85တဲ့။လက်မှတ်ဖြတ်ပြီး ဘူတာကခုံလေးမှာထိုင်စောင့်ဖို့ ခုံတန်းတွေရှိရာသွားတော့ P'က တစ်စုံတစ်ယောက်ကို လှမ်းနှုတ်ဆက်လိုက်သံကြားရသည်။
💚Hi Dan
"Hi Liam..."
ခပ်တုန်တုန်လေသံကြားလို့ အနောက်ကနေ အသာလှမ်းကြည့်တော့ တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူအောင် ဖွေးနေတဲ့ အဖိုးကြီးနှစ်ယောက်ကို တွေ့ရသည်။
ESTÁS LEYENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️