Unicode
ဒီအပိုင်းက ဒီညကြယ်မိုးရွာမယ် ကြယ်ကြွေမယ်ဆိုလို့ အမှတ်တရရေးဖြစ်တာပါ။ အခုသွားနေတဲ့ plotနဲ့ ဘာမှသက်ဆိုင်ခြင်းတော့ မရှိပါဘူး ဆိုပေမဲ့လည်း TOL က ဘဝတစ်ခုဖြစ်တဲ့အတွက် သူတို့ဘဝတစ်ကွေ့မှာ ဖြစ်လာနိုင်မဲ့ ပုံရိပ်ပါ။ ရင်နဲ့ရင်းပြီး ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း...
🖤ကြယ်ကြွေည ရင်ခုန်သံ❤️
အေးစက်နေတဲ့ ဒီဇင်ဘာညတစ်ည...
အရှေ့မြောက်အရပ် ကောင်းကင်ကနေ ဒီနေ့ညမှာ ကြယ်တွေကြွေမယ် ကြယ်မိုးရွာမယ်ဆိုလို့ ကျွန်တော်အပြင်ထွက်ထိုင်နေတာပါ။
အနက်ရောင်ကော်ဖီမှုန့်ကို ရေနွေးဆူဆူနဲ့ ခပ်ကျဲကျဲဖျော်ထားတဲ့ ကော်ဖီတစ်ခွက်က ဘေးနားမှာ...
ပြီးတော့ အရေတွေ တွန့်နေတဲ့ လက်ကလေးတစ်ဖက်က ကျွန်တော့်လက်ဖဝါးကြားမှာ နစ်ဝင်လို့...နှင်းပြင်ကြီးပေါ်မှာ နွေးထွေးနေကြတယ်ဆိုရင် လူရယ်ချင်စရာပေါ့။ ဒါပေမဲ့ တကယ်ပါ ကျွန်တော်တို့ နွေးနေကြတယ်။
Celetron လို ကြယ်တွေ ဂြိုဟ်တွေကြည့်လို့ရတဲ့ မှန်ပြောင်းမလိုအောင် ကြယ်မိုးတွေရွာပေးမဲ့ ဒီညလေးကိုပဲ ကျေးဇူးတွေ အခါခါတင်လို့ ဘေးနားက ၃နှစ်ငယ်တဲ့ အဖိုးအိုပေါက်စကို ငေးရသည်။
အသက်နဲ့အတူ တိုးလာတဲ့ ပါဝါတွေနဲ့ မျက်မှန်ဝိုင်းလေးအောက်က မျက်လုံးတွေကတော့ ဟိုးတုံးကအတိုင်း တောက်ပနေတုံးပဲ။ ဇရာရဲ့ အမှတ်အသားဖြစ်တဲ့ မျက်ဝန်းထောင့်က ကျီးခြေထောက်ရာလေးတွေကတောင် ဒီတောက်ပခြင်းကို မလွှမ်းမိုးနိုင်ဘူးရယ်။
❤️ဒီမယ် အဖိုးကြီး ကြယ်ကြွေကြည့်မယ်ဆို
🖤ကြယ်မကြွေခင် မင်းကိုခဏကြည့်တာပါ baby ရယ်
သူနေရခက်တဲ့ နာမ်စားကို ခေါ်လို့ မျက်မှောင်ကြုံ့လိုက်ပေမဲ့ အဲ့မျက်ဝန်းသေးသေးထဲက ကြယ်လေးတွေက လုံးဝအရောင်မလျော့သွားပါဘူး။
အအေးဓာတ်ကြောင့်ပဲလား အသက်ဓာတ်ကြောင့်ပဲလားမသိ အသံတွေတုန်နေတာကို ကြားရတော့ ပြုံးရသည်။
BINABASA MO ANG
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️