🖤 Tabula Rasa-26❤️

453 79 160
                                    

Unicode

🖤 Theories of LOVE❤️

🖤Season-4❤️

🖤 Tabula Rasa-26 ❤️

ပြွတ်ပြွတ်ပြွတ်...

လက်မလေးစုပ်လို့ အိပ်မောကျနေတဲ့ ပုစိပေါက်တို့ကိုငေးရင်း ကိုကိုအခန်းထဲဝင်အလာကို စောင့်နေရတာ ဒီညနဲ့ဆို သုံးညရှိပြီ။ ဒီရက်ပိုင်းမှာ ကျွန်တော်နဲ့ကလေးတွေလည်း ကော်ဖီဆိုင်ကို နေ့တစ်ဝက်သွားရသလို ကိုကိုကိုယ်တိုင်လည်း မိုးလင်းကမိုးချုပ် သူ့အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတာပါ။

မိုးလင်းသွား မိုးချုပ်ပြန်ရုံနဲ့အားမရ အိမ်ပြန်ရောက်တာနဲ့ ရေမိုးချိုးထမင်းစားပြီး စာကြည့်ခန်းထဲဝင်ထိုင်အလုပ်လုပ်နေတာ ကလေးတွေနဲ့ကျွန်တော်အိပ်ပျော်သည်ထိပဲဆိုပါတော့။ အရင်ညတွေကတော့ စာကြည့်ခန်းထဲထိသွားပြီး အိပ်ရာဝင်အနမ်းတောင်းလို့ အိပ်ကြပေမဲ့ ဒီညတော့ တမင်မသွားဘဲ အခန်းထဲကနေပဲစောင့်နေတာပါ။

ပင်ပန်းနေတဲ့လူကြီးကို တစ်ခုခုလုပ်ပေးချင်လို့ ညတိုင်းကော်ဖီလေးသေချာဖျော်ပြီးပို့ပေးပေမဲ့ အဲ့လောက်နဲ့လုံလောက်တယ်မထင်လို့လေ။ အနည်းဆုံးတော့ကောင်းကောင်းအနားယူပါကိုကိုလို့ သူ့ကို ပွေ့ဖက်ပြီးပြောချင်တာ ကျွန်တော့်ရင်ခွင်ထဲမှာ အိပ်စက်စေချင်တာပါ။

ကလေးတစ်ဖက်နဲ့မို့ အများကြီးသူ့ကိုမကူညီနိုင်လို့လည်း အားနာရပါတယ်။ အမြဲတမ်းသူပင်ပန်းနေတာပဲ မြင်နေရပြီး ထိထိရောက်ရောက်အကူအညီမဖြစ်ဘူးလို့ ခံစားမိနေရတာကလည်း ကျွန်တော့်ဘဝရဲ့ ကြီးမားတဲ့လိုအပ်ချက်တစ်ခုပါပဲ။

စာအုပ်ဖတ်ရင်းစောင့်ရင်း မျက်လုံးတို့ကျိန်းစပ်လာတဲ့အချိန်ရောက်မှ တံခါးဖွင့်သံကြားလိုက်ရသည်။ ဂုတ်ကိုလက်နဲ့ဖွဖွပွတ်လို့ ခေါင်းကိုဘယ်ညာစောင်းရင်း လမ်းလျှောက်လာပုံက နွမ်းနယ်နေဟန်အပြည့်နဲ့။

🖤ဟင် ကတုံးလေး မအိပ်သေးဘူးလား

❤️ကိုကို့ကို စောင့်နေတာ

🖤ဘာလို့စောင့်နေတာလဲ babyရယ် အိပ်လေ

❤️ကိုကိုကပင်ပန်းနေတာကို babyက စိတ်အေးလက်အေး အနားယူနေရမှာလား မအိပ်နိုင်ပါဘူးဗျာ

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Nơi câu chuyện tồn tại. Hãy khám phá bây giờ