Unicode
🖤 Theories of LOVE❤️
🖤 Season-4❤️
🖤 Tabula Rasa-12❤️
လှပသော မနက်ခင်းလေးဆိုပေမဲ့ ချစ်ရသူနဲ့ ကျွန်တော်နဲ့ကတော့ အချေအတင်ဖြစ်နေရတဲ့ အနေအထားမှာပါ....
🖤ပြန်သွင်းလိုက်နော်....
❤️မသွင်းဘူး
🖤လုပ်ပါ လိမ္မာပါတယ်
❤️မလိမ္မာဘူး
🖤ခုလိုအပြင်ထွက်နေတော့ အအေးမိနေမှာစိုးလို့ ကိုကို့အသည်းငယ်လေးရဲ့
❤️မိမိဗျာ မသွင်းဘူး
🖤အတင်းထိုးထည့်ရအောင် မလုပ်နဲ့ကွာ
❤️လုပ်ကြည့်ပါလား
🖤နာသွားမှာစိုးတယ်လေ ပြန်ထည့်လိုက်နော် လိမ္မာတယ်
"အ.....အကိုလေး အသွင်းအထုတ်က မပြီး မပြီးသေးဘူးလား"
တံခါးပေါက်နားကနေ ကျောပေးရင်း အထစ်ထစ်အငေါ့ငေါ့မေးနေတဲ့ Mike အသံကြောင့် babyမျက်နှာက ချက်ချင်းရဲတက်လာပြီး ပါးဖောင်းလေးတွေက သွေးရောင်လွှမ်းလို့။
🖤အေး မပြီးသေးဘူးကွာ နည်းနည်း အားစိုက်နေရတယ် အင့်
❤️ ဒီလောက်ရွနေတာ သေစမ်း
🖤အားးးးးး သေပြီ နာလိုက်တာကွာ
"ဟင် အကိုလေး ဘာဖြစ်သွားတာလဲ "
🖤လက်နာသွားတာကွ ခွေးလေး လက်ညှိုးကိုကိုက်တယ်
"ဟာဗျာ အသွင်းအထုတ်ဆိုလို့ ဘာများလဲလို့ ဒီမှာ ရဲရဲတောင်မကြည့်ရဲဘူးဗျာ ဟားဟားဟား "
🖤မင်းဟာမင်း ထင်ချင်ရာထင်နေပြီးတော့ ငါသွင်းနေတာ ဒီဝက်နှုတ်ခမ်းလေ ထော်နေတာပဲ မထော်ပါနဲ့ဆိုလည်း မရဘူး
လက်ညှိုးနဲ့ဖိလည်း စပရိန် တပ်ထားတဲ့နှုတ်ခမ်းကျနေတာပဲ ပြန်ပြန်ထော်ထွက်လာတာ အခုလည်း ထော်နေတာ ကြည့်ပါလား
ဒီနေ့ အလုပ်သွားမယ်ဆိုလို့ သူ့နားမနေပေးရပါ့မလားဆိုပြီး နှုတ်ခမ်းထော်လို့ ဆန္ဒပြနေတဲ့ သူပုန်လေးပါ။ မနေ့ကတစ်နေကုန်ချီပိုးလို့တမျိုး ယုယလို့တဖုံ အစွမ်းကုန်ဂရုစိုက်ပေးတော့ သူ့အဖျားကပျောက်ပြီလေ။ ကျွန်တော်လည်း ဖြစ်နိုင်ရင် သူ့နားနေပေးချင်ပေမဲ့ လုပ်စရာကအရေးတကြီးကျန်နေတာမို့ အပြင်ကို မဖြစ်မနေသွားရမှာပါ။
BINABASA MO ANG
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️