🖤A Million Dreams-72❤️

627 111 276
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-72❤️

မင်းအပြုံးတိုင်းကို နှလုံးသားက တာလီချိုးထားတယ်...

မြတ်နိုးစရာ ပြပါဆိုတိုင်း ထုတ်ကြွားမလို့လေ...🖤❤️

🖤❤️🖤❤️

ဝေဟင်ကနေ မြေပြင်ပေါ်ပြန်ရောက်လာတဲ့ ကျွန်တော့်ရဲ့ နတ်သား နတ်သမီးလေးတွေဟာ နေ့လယ်စာ စားအပြီးမှာတော့ မွေ့ရာပေါ်မှာ အတုံးအရုံး စံမြန်းကုန်ကြပြီ။

ရိုက်လာတဲ့ ပုံတွေကို ကြွားလုံးထုတ်ချင်တဲ့ ဝက်ပိစိနှစ်ကောင်က Tablet ကိုယ်စီ ရင်ဝယ်ပိုက်လို့ တရှူးရှူးအိပ်ပျော်နေသလို baby ကလည်း သူ့ကလေးတွေနားမှာ အိပ်ပျော်နေတာ တုတ်တုတ်တောင်မလှုပ်။

"ငါ့သားနဲ့ မြေးတွေ ပင်ပန်းကုန်ကြပြီ အိပ်နေတာများ အတုံးအရုံးပါလား"

ဖေဖေနဲ့ ကျွန်တော်က သူတို့ကို စောင်တွေဘာတွေ ခြုံပေးတာတောင်သူတို့မသိ။ အပြစ်ကင်းစွာ အိပ်ပျော်နေကြတဲ့ မျက်နှာလေးတွေက ကျွန်တော့်ရဲ့ အသက်တည်ရာလေးတွေ။

အခန်းထဲကနေ အပြင်ဝရန်တာဘက် ဖေဖေနဲ့ ဝိုင်ပုလင်းလေးဆွဲပြီး ထွက်ထိုင်တော့ နေ့လယ်ခင်း ပင်လယ်ရနံ့က လတ်ဆတ်နေဆဲ နွေးထွေးနေဆဲပါပဲ။ သားအဖနှစ်ယောက် ဝိုင်ခွက်ကိုယ်စီနဲ့ လေညှင်းခံရင်း တိတ်ဆိတ်နေချိန်မှာ ဖေဖေက စကားတစ်ခွန်း စပြောလာသည်။

"ကလေးတွေ ပင်ပန်းနေကြပြီ သား ခရီးစဥ်ဆွဲထားတာက ဘယ်လောက်ကျန်သေးလဲ"

🖤မနက်ဖြန် တစ်ရက် ပင်လယ်ထဲ dolphin ကြည့်ဖို့သွားရင်း Lahaina front street လျှောက်ကြမယ်လေ ဖေဖေ တစ်ရက်တည်း နှစ်နေရာပေါ့ ပြီးရင်တော့ နောက်ရက် ပြန်ဖို့ သား လေယာဥ်လက်မှတ်ပါ ကြိုစီစဥ်ထားပါတယ်

"ငါ့သားကြီးကတော့ အကွက်ကို စေ့နေတာပဲ ကျေးဇူးတကယ်တင်တယ် သားရေ "

ရုတ်တရက် တိတ်ဆိတ်သွားပြန်တဲ့ ဖေဖေက ပင်လယ်ဘက်ကို လှမ်းမျှော်ကြည့်နေသည်။

🖤 ဖေဖေ့ သူငယ်ချင်းကို သတိရနေတာလား ဖေဖေ

"အင်း ဟုတ်တယ်  သားရဲ့ဖေဖေကိုပေါ့

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now