🖤 Tabula Rasa-21❤️

528 81 246
                                    

Unicode

🖤 Theories of LOVE❤️

🖤 Season-4❤️

🖤 Tabula Rasa-21❤️

🖤ဟေး ထကြစမ်း ဘယ်နှစ်နာရီထိုးနေပြီလဲ ဟမ်

နံနက်ချိန်ခါတေးသံသာကြီးက အချက်မပေး အကြောင်းမကြားမြည်ဟည်းလာတော့ သားအဖတွေ မထချင်ထချင်နဲ့ ကုန်းရုန်းထရသည်။ အမှန်တကယ်ဆို ဒီနေ့က တက်ကြွစွာနဲ့ နိုးထရမဲ့နေ့ဆိုပေမဲ့ မနေ့ညက ဆော့တာများပြီး ပင်ပန်းနေကြတာပါ။

ဒီနေ့က ပထမဆုံးအနေနဲ့ Mr.Wangရဲ့ဆိုင်မှာ အလုပ်သွားလုပ်ကြရမဲ့နေ့ပါ။ ကိုကိုက သူ့အလုပ်သူသွားမှာဖြစ်သလို ကျွန်တော်တို့သားအဖကလည်း ကော်ဖီဆိုင်မှာ ကော်ဖီဖျော်တာနဲ့ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးမဲ့ တာဝန်ကို ထမ်းဆောင်ကြမှာပါ။

Waiterမထားဘဲ မိသားစုပုံစံဆိုင်လေးမို့ အရာအားလုံးကသက်တောင့်သက်သာနဲ့ အဆင်ပြေနေမှာပါ။ သားနဲ့သမီးလည်း လူတွေနဲ့ပိုပြီးထိတွေ့ဆက်ဆံမှုရှိလာနိုင်သလို ကျွန်တော်လည်း Lizဆီကနေ ကော်ဖီဖျော်နည်းတွေ သင်ယူရမှာပေါ့။

မျက်နှာသစ်သွားတိုက်အဝတ်အစားလဲပြီး ကျောပိုးအိတ်ကိုယ်စီလွယ်လို့ အောက်ဆင်းလာတော့ ကိုကိုက မနက်စာစားဖို့ထိုင်စောင့်နေသည်။

🖤အိပ်ပုတ်ကောင်တွေ မနည်းနှိုးနေရတယ် မနက်စာ လာစားချည်

❤️ကိုကို့ကားနဲ့ လိုက်ခဲ့ရမှာလား

🖤ဒါပေါ့ အသည်းလေးရယ် နေ့ခင်းကိုကိုကားလွှတ်ကြိုခိုင်းပြီး အိမ်ပြန်ပို့ခိုင်းလိုက်မယ် နေ့တိုင်းအဲ့လိုပဲလုပ်ရမယ်

တစ်နေကုန်ဆို ကျွန်တော်ရောကလေးတွေပါ ပင်ပန်းမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုကိုက နေ့လယ်၂နာရီအထိသာ ခွင့်ပြုထားတာပါ။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ တစ်နေကုန်ဆို ကျွန်တော်က ကိစ္စမရှိပေမဲ့ သားနဲ့သမီးကျတော့ ကြာရင်ပင်ပန်းလာမှာလေ။

🖤ဒီဒီ့ ဝက်ကလေးတွေကို မှာထားတယ်နော် ပါပါးနဲ့ ဖိုးရီးဝမ်တို့ တီတီတို့စကား နားထောင်ရမှာနော် ကြားလား

💛ကြားပဒယ်ဂျ

🕊️ကြားပဒယ်ချင့်

🖤ရွှတ်နောက်နောက်နဲ့ မင်းတို့ တည်ငြိမ်မှုကိုမရှိဘူး

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Onde histórias criam vida. Descubra agora