Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-61❤️
အချိန်က မနက် ၅ နာရီ.....
မှောင်ရီဝ်ိုးတဝါးမှာ လည်ပင်းမှာ ငွေရောင်ကြုတ်လေးဆွဲလို့ ပျံသန်းဖို့အသင့်ဖြစ်နေတဲ့ အဖြူရောင် တမန်တော်လေး...
⚡ ချစ်စရာကောင်လေးရေ နောက်ဆုံးအနေနဲ့ သူ့ဆီရောက်အောင် ပျံသန်းသွားစမ်း
မနက် အရုဏ်တက်ရဲ့ အဖြူရောင်တောင်ပံလေးဟာ စေစားလိုသူဆီ ရောက်အောင်ပျံသန်းလိမ့်မည်။ ပြီးတော့ ဒီနေ့ည ၁၂ နာရီမတိုင်ခင်ထိ ရူးသွပ်ခြင်းပေါင်းများစွာကို ဆင့်ခေါ်ပါ
လိမ့်မည်။⚡ အချစ်နဲ့ အမုန်း တစ်သားတည်း ဖြစ်တဲ့အချိန်မှာ အရာရာဟာ ခံစားဖို့ ထိုက်တန်တယ် အစ်ကို
အဆုံးထိ မျဥ်းတစ်ကြောင်းစီဆွဲကြည့်ကြတာပေါ့ ဘယ်သူအရင်ရပ်တန့်သွားမလဲလို့လေ ဟားဟားဟားးဟားဟားဟားဟားဟားးးးးးးရယ်မောသံတွေနဲ့ ဖန်ဆင်းတဲ့ မနက်ခင်းဟာ ရူးသွပ်စရာ ကံကြမ္မာကို စေစားတဲ့ စုတ်ချက်ခပ်ကြီးကြီး တစ်ခု ဖြစ်လာခဲ့ပါပြီ။
🖤❤️🖤❤️
ရေနွေးပူပူနဲ့ အနက်ရောင် ကော်ဖီမှုန့်တို့ ထိတွေ့ပျော်ဝင်သွားချိန်မှာ လှိုက်တက်လာတဲ့ ကော်ဖီရနံ့.....
နှာခေါင်းကနေ ရလိုက်တဲ့ ရနံ့က နှလုံးသားထိ စီးဝင်ပြီး နွေးလို့ထွေးလို့။ ညက နွေးထွေးခွင့်ရခဲ့တဲ့ လက်တစ်စုံနဲ့ မွှေးပျံ့တဲ့ အနွေးဓာတ်ကို သူ့အတွက် ပြန်ဖန်ဆင်းပေးနေတာလေ။
အိပ်ရာဝင်နောက်ကျပုံရတဲ့ ကိုကိုက ကျွန်တော်နိုးလာတော့ နှစ်ခြိုက်စွာအိပ်ပျော်နေဆဲမို့ ခိုးတောင်နမ်းခဲ့သေးတယ်။ အိပ်ပျော်နေတော့လည်း ဘာအပူအပင်သောကမှမရှိပဲ ကလေးလေးလိုပဲ အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ ကျွန်တော် ချစ်လိုက်တာဗျာ။
ကော်ဖီခွက်ထဲ ပုံဖော်နေမိတဲ့ ကိုကို့မျက်နှာလှလှလေးဟာ ပျံတက်လာတဲ့ အပူငွေ့တွေကြောင့် ဝါးပြီး ဘာမှမမြင်ရတော့။ မျက်မှန်တပ်ရတဲ့ ဒုက္ခကလည်း မသေးပါလားနော်။ ကော်ဖီခွက်ချ မျက်မှန်ချွတ်ရင်း မှန်ကို အင်္ကျီစနဲ့ အလွယ်ပွတ်သုတ်ရင်း ပြန်တပ်ရသည်။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️