🖤Verdant Note-20❤️

599 110 158
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-20❤️

💚📝မေတ္တာတရားသည် ဆုံးရှုံးပျောက်ရှခြင်းကင်းသော အရာဖြစ်သည်

🖤❤️🖤❤️

မနက်ခင်းရဲ့ အရုဏ်ဦးက သစ်ရွက် သစ်ကိုင်းများကြားကနေ ထိုးထွင်းဖြာကျလို့...

မနေ့က အမြွှာနှစ်ယောက်ရဲ့ မခွဲအတူပုံရိပ်တွေကိုကြည့်ပြီး ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရတဲ့ baby ကတော့ ခုထိမနိုးသေး။ ထူးထူးခြားခြား နေထိုင်မကောင်းတာမျိုးမရှိဘဲ အဆင်ပြေနေလို့ ကျွန်တော်ဝမ်းသာနေပါပြီ။

ဒီနေ့တော့ သူ့ရဲ့ နှလုံးခုန်နှုန်းကို စစ်ဆေးမဲ့ အပေါ့စားလေ့ကျင့်ခန်းတချို့ကို လုပ်ရမှာမို့ သားအဖတွေ ဆေးစစ်ခန်း အပြင်ကနေစောင့်ပေးရမှာပါ။ လိုအပ်တဲ့ လေ့ကျင့်ခန်းဝတ်စုံပေါ့ပေါ့ပါးပါးကို ကြိုထုတ်ပေးထားပြီး သားအဖ၃ယောက်လုံးအတွက် သွားတိုက်ဆေးကအစထည့်ပေးပြီးမှ ကျွန်တော်မျက်နှာသစ် သွားတိုက်လုပ်ရသည်။

ကျွန်တော်မျက်နှာသစ်ပြီးလို့ အပြင်ပြန်ထွက်လာတော့ သားနဲ့သမီးရော သူပါ နိုးနေပြီး ဟိုဘက်ကုတင်နဲ့ ဒီဘက်ကုတင်ကို လှမ်းချစ်နေကြပြီလေ။

❤️ morning ပါပါးရဲ့ ဝက်ကလေးတွေ

💛 မောနင်း ပါပါး တားတားဖက်ရိုက်ပီနော်

🕊️ မောနင်း ပါပါး .... အာဘွားတေ ပေးရိုက်ပီ

❤️ ဟာ heart ထိပြီကွာ

ဒီဘက်ကနေ လက်နှစ်ဖက်ဆန့်ကားလို့ ဖက်ဖို့ပြင်တဲ့လူနဲ့ fly kiss တွေ ပေးတဲ့လူနဲ့ Heart ထိနေတဲ့ လူနဲ့ ဟုတ်တော့ဟုတ်နေပြီ။

🖤 ကဲ နိုးနေရင် ထကြတော့ ဟိုဘက်ကုတင်နဲ့ ဒီဘက်ကုတင်ကို လှမ်းချစ်မနေကြနဲ့

❤️ကိုကိုက မနာလိုတာလား

🖤 မဟုတ်ပါဘူးဗျာ အမြင်ကပ်တာ သိလား မင်းတို့သားဖ ၃ယောက်ကို

မဲ့ရွဲ့ပြောပြီး စနောက်တော့ ကက်ကက်လန်မောင်နှမက ကုတင်ပေါ်ကနေ လှမ်းရန်တွေ့ကြပြီ။

💛 ဒီဒီနော် ခရေးတေကို ပြောနဲ့

🕊️ ချစ်ဖို့ကောင်းတာကို ညင်ကပ်တယ်တဲ့ ဒီဒီကကောင်းဘူး

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora