Unicode
🖤 Theories of LOVE❤️
🖤Season-4❤️
🖤 Tabula Rasa-36❤️
ကားမှန်ကနေ တရိပ်ရိပ်မြင်နေရတဲ့ လမ်းမဘေးကိုငေးရင်း ခေါင်းတွေသာ မူးလာတာအဖတ်တင်ပြီး အဖြေကရှာမရ။
အိပ်နေတဲ့ ကိုယ်တွေသားအဖကို အတင်းနှိုးပြီး အိမ်ပြန်မယ် အလုပ်ရှိတယ်ဆိုတော့ ဘာမှတောင် မငြင်းနိုင်ဘဲ ချက်ချင်း ကားပေါ်တက်လိုက်လာရတာ အဝတ်အစားတောင်မလဲလိုက်ရပါဘူး။
မေးတော့လည်း အလုပ်ရှိလို့ပါ ကလေးလေးရယ်ဆိုတာကလွဲ အဲ့ထက်ပိုဘာမှမသိရ။ ပြုံးနေတဲ့ မျက်နှာကြီးကို ကြည့်ရင်း ဆွဲဖဲ့ချင်လာလို့ သူ့မျက်နှာလွှဲပြီးတော့သာ အပြင်ကိုငေးနေရတာပါ။
တွန်းခံထားရတဲ့နေရာကလည်း အောင့်သက်သက်နဲ့ တွေးလေ ရင်ထဲကလိကလိနဲ့ ဒေါသဖြစ်လေပါပဲ။အတွေးများတော့ ရင်တုန်လာတာမို့ မျက်လုံးက ငိုက်ခနဲဖြစ်အသွားမှာ ကျွန်တော်သေသေချာချာခံစားမိလိုက်တာက ဒီကားထဲကနေ အိပ်မက်မဟုတ်တဲ့ နေရာတစ်ခုကို ရောက်သွားပြီဆိုတာပါပဲ။
မျက်လုံးမှိတ်ထားပေမဲ့ ကျွန်တော့်အသိစိတ်ကလူနဲ့ကပ်နေသေးတာကို သေချာခံစားရလို့ အိပ်မက်မဟုတ်ဘူးလို့ပြောရတာပါ။ဒီလိုပုံစံမျိုး အရင်ကလည်း ခဏခဏဖြစ်ဖူးတော့ ထူးဆန်းနေတဲ့ခံစားချက်မျိုးမခံစားရတော့ဘဲ ဝေဝါးနေတဲ့ မြူတွေကြားထဲ ခြေလှမ်းတွေသာ ရှေ့ကိုတစ်လှမ်းချင်း ဆက်တိုးခဲ့လိုက်သည်။
ဒီတစ်ခါတွေ့ရမှာက Red ဆိုတဲ့ ကောင်နဲ့လား???
သူနဲ့က အမြဲတမ်းလိုလို ခုလိုအိပ်မက်ပဲထားပါတော့ ခုလို ခံစားနေရချိန်ဆို တွေ့ရတတ်တယ်လေ။ မှုန်ဝါးနေတဲ့ မြူတွေကြားထဲ တစ်စုံတစ်ယောက်ကို တွေ့ရနိုးနဲ့ လမ်းလျှောက်လာရင်း ရုတ်ချည်း အလင်းရောင်တန်းတစ်ခုက မြင်လွှာရှေ့ရောက်လာတာမို့ မျက်လုံးတို့ကို မှိတ်လိုက်သည်။❤️ဘယ်သူလဲ
မျက်လုံးကို လက်နဲ့ကာရင်း မေးတော့ ကျွန်တော့်လက်ကို လာဆုပ်ကိုင်ဖယ်ချလိုက်တဲ့ လက်က နွေးထွေးနူးညံ့ ညင်သာစွာနဲ့ပါ။
BẠN ĐANG ĐỌC
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️