Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-56❤️
ဒေါက်.....ဒေါက်....
Dartboard ပေါ်မှာသာစိုက်ခဲ့တဲ့ မြှားတွေက အခု နက်နက်နဲနဲတိုးဝင်စိုက်နေတာက လူတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံပေါ်။ မပြေနိုင်တဲ့အညှိုးတွေတလိပ်လိပ်တက်နေစေတာက အဲ့ဓာတ်ပုံပိုင်ရှင်ရဲ့ အပြုံးတွေ။
မင်းက ငါ့အတွက် ဂြိုဟ်ကောင်ပဲ Blue...
စားပွဲပေါ်က အရက်ခွက်ကို တစ်ကျိုက်တည်းမော့ချပစ်တော့ ခါးသီးပူလောင်စွာ ရင်ထဲထိစီးဝင်သည်။ ဒါပေမယ့် ရင်ထဲကအပူကတော့ လုံးဝအရက်ထက်ဆိုးတယ်။ ရှင်းပစ်ရမယ် ဒီကောင့်ကို ရှင်းပစ်ရမယ်။
ယိုင်နဲ့နေတဲ့အသိတရားဟာ ဓားတစ်လက်ကိုတော့မြဲမြံစွာ ဆုပ်ကိုင်မိစေသည်။ အဲ့လောက်ထိ ရင်ထဲမှာ နာကျည်းခြင်းက ပြည့်နေပြီ။ သတ်ပစ်ရမယ် အဲ့ကောင်ကို ဒီညပဲ သတ်ပစ်ရမယ်။ အဲ့ကောင်က အစ်ကို့ဘေးနားက Mike ဆိုတဲ့ဘဲရီးရဲ့ ညီတဲ့။ အာ့ကြောင့် အရင်က အလွယ်တကူကပ်လို့မရတာလေ။
အခုကျတော့ အဲ့ဘဲရီးလဲဟိုကောင်ဆေးရုံရောက်နေလို့ အလုပ်ရှုပ်နေမှာ။ အစ်ကိုလည်း သူ့ကလေးတွေနဲ့ ဆေးရုံမှာရှိနေလောက်မှာ။ မရတော့ဘူး ဒီည အခြေအနေချောင်းမယ်။ အခွင့်အရေးရရင် တစ်ခါတည်း ကိစ္စဖြတ်မယ်။
⚡ ဟားဟားဟားဟားးး
ကိုယ့်အတွေးကိုသဘောကျလွန်းလို့ရယ်ပစ်လိုက်ပေမယ့် တကယ်တမ်းက ကျွန်တော်ရှုံးနေတာကို ရယ်သံနဲ့ ဖုံးနေတာ။ စနစ်တကျ ခေါင်မှရိုက်ချတတ်တဲ့ ကျွန်တော်က အခု ဘယ်လိုဖြစ်လို့ လူသတ်ချင်စိတ်တွေ ပရမ်းပတာဖြစ်နေတာလဲ။ ကျွန်တော်မဟုတ်တဲ့အတိုင်းပဲ စုတ်ပြတ်နေလိုက်တာ။
မသိဘူးဗျာ ကျွန်တော်ခုချိန်မှာသိတာတစ်ခုတည်းပဲ။ အဲ့ကောင်ကို သွားသတ်မယ် ဒါပဲ။ ခေါက်ဓားလေးကို ဘောင်းဘီအိတ်ထဲထိုးထည့်ရင်း ရီဝေဝေယိုင်တိုင်တိုင်နဲ့ အိမ်ကနေထွက်ခဲ့တော့သည်။
⚡ ငါလာပြီ ကောင်လေး မင်း သေနေ့စေ့ပြီကွ ဟားးဟားဟားး
🖤❤️🖤❤️
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️