🖤Verdant Note-9❤️

524 95 83
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-9❤️

💚📝 အရာရာလွဲနေလည်း ဆုံမှတ်တစ်ခုတော့ တူခွင့်ပေးပါ ကံကြမ္မာ 💚📝

🖤❤️🖤❤️

ဧည့်သည်တွေပြန်တော့ အိမ်စာတစ်ခုကို ကျွန်တော်တို့မိသားစုအတွက် ချန်ထားခဲ့ကြသည်။ Tree Hugging ကို နေ့စဥ် ၅မိနစ်လောက် ပုံမှန်လုပ်ပေးဖို့ပါတဲ့။ ဒါက တစ်မိသားစုလုံးစာပေါ့ဗျာ။ ကျွန်တော့်အတွက်ကတော့ Tree Hugging အပြင် နောက်တစ်ခုရှိပါသေးတယ်။

အဲ့ဒါကတော့ သူတို့ပြန်သွားပြီး ဘယ်လောက်မှမကြာပဲ ဝင်လာတဲ့ ဖုန်း call တစ်ခုပါပဲ။ ခေါ်တဲ့လူက P'Liam အကြောင်းအရင်းမေးတော့လမ်းထိပ်မှာစောင့်နေမယ်တဲ့။ အရေးကြီးအချက်ကတော့ baby ကို ခေါ်မလာပါနဲ့တဲ့လေ။

အဲ့တော့လည်း သွားဖို့တာဝန်ကရှိလာပြီမို့ ဖုန်းချပြီးတာနဲ့ သစ်ပင်ပေါ်ခွတက်နေကြတဲ့ သားနဲ့သမီးနားရောက်နေတဲ့ baby ကို သွားပြောရပြီ။

🖤 baby ကိုကို အလုပ်ကို ခဏသွားဦးမယ် Mike ကို ခေါ်သွားလိုက်မယ်

❤️ ဟင် ဗြုန်းစားကြီး ဘာဖြစ်လို့လဲ

🖤 အလုပ်ကအကြာကြီးပစ်ထားလို့မရဘူးလေ baby ရဲ့ နည်းနည်းတော့ လုပ်ရမှာပေါ့

❤️ အင်း ခဏပဲမှတ်လား မြန်မြန်ပြန်လာနော်

🖤 အင်း ပြန်လာခဲ့မယ်

သူ့ပါးကို တစ်ချက်နမ်းပြီး အိမ်ထဲဝင် Mike ကို ကားထုတ်ခိုင်းပြီး အင်္ကျီပြေးလဲရသည်။ အဝတ်လဲပြီးတာနဲ့ ကားပေါ်တက်ကာ လမ်းထိပ်ကိုမောင်းခိုင်းလိုက်သည်။ လမ်းထိပ်ရောက်တော့ P'May ရဲ့ ကားလေးက လမ်းထိပ်မှာရှိနေတုံးပဲ။ နှစ်ယောက်သား ကားဘေးမတ်တပ်ရပ်ကာ ကျွန်တော့်ကို စောင့်နေပုံရတာမို့ ကားပေါ်ကဆင်းပြီး သူတို့ဆီသွားရသည်။

🖤 ဘာကိစ္စရှိလို့လဲ P'....

💚 မင်း လူတစ်ယောက်နဲ့တွေ့ဖို့ အချိန်ကျပြီထင်လို့

🖤 ဘယ်သူနဲ့လဲ ....

🔥 King နဲ့လေ

🖤 ဗျာ ကျွန်တော်သူနဲ့တွေ့ဖို့ စိတ်ကူးမရှိသေးဘူးဗျ ပြီးတော့ ဖေဖေပေးသွားတဲ့စာတောင် ခုထိဖွင့်မဖတ်ရသေးဘူး

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Место, где живут истории. Откройте их для себя