🖤 Tabula Rasa-19❤️

509 83 275
                                    

Unicode

🖤 Theories of LOVE❤️

🖤Season-4❤️

🖤 Tabula Rasa-19❤️

အပြုံးတွေနဲ့ ကျောခိုင်းသွားတဲ့ လူတစ်ယောက်ရယ် လမ်းဆိုတာမရှိတဲ့ အဖြူရောင်ဟင်းလင်းပြင်ကြီးရယ်....

မိမိရရ ဆုပ်ကိုင်ထားပေမဲ့ ဖြုတ်ချသွားတဲ့ လက်တစ်ဖက်ကိုကြည့်ရင်း ကျွန်တော်ရင်ကွဲမတတ် အော်လိုက်ရပေမဲ့ အသံကတော့ တစ်စက်မှထွက်မလာခဲ့ပါဘူး။ အဲ့ဒီအစား ကျလာတဲ့မျက်ရည်စက်တွေနဲ့ နိုးထလာတော့မှ အသက်ကိုဝအောင်ရှူရသည်။

ကျွန်တော်အိပ်မက်ဆိုးတွေမက်နေတာပါလား။အိပ်မက်ပဲဆိုပေမဲ့ အရမ်းကြောက်ဖို့ကောင်းပါတယ်။ မျက်ရည်တွေပွတ်သုတ်ရင်း ကလေးတွေရဲ့ဟိုဘက်မှာ အိပ်ပျော်နေတဲ့လူကိုလှမ်းကြည့်ရင်း သက်ပြင်းတိုးတိုးလေးချရသည်။ မူးနေတဲ့ခေါင်းနဲ့ ဖိန်းတိန်းရှိန်းတိန်းအငွေ့အသက်တို့က ကျွန်တော်နေမကောင်းဖြစ်တော့မယ်ဆိုတာကို ပြောနေပြီ။

ဘာပဲဖြစ်ဖြစ်ပါလေ သူသာဘေးမှာရှိရင် ဘာမဆိုရင်ဆိုင်ရဲတာပဲမို့ အိပ်မက်ဆိုးတွေထပ်မမက်အောင်တော့ သူ့နားအိပ်ရမှဖြစ်မှာပါ။ကိုယ့်နေရာကထပြီး သူ့ဘေးဝင်တိုးအိပ်တာနဲ့ အကျင့်ပါနေတဲ့လက်တစ်စုံက ထွေးဖက်လာတော့ သူ့အင်္ကျီစကို ကျစ်ကျစ်ပါအောင်ဆုပ်လို့ မျက်လုံးတွေမှိတ်ထားလိုက်သည်။

❤️babyကို ထားပြီး ဘယ်မှမသွားနဲ့ ကိုကို

🖤❤️🖤❤️

ရင်ခွင်ထဲက နွေးတာထက်ပူနေတဲ့အထိအတွေ့ကြောင့်မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်တော့ မျက်နှာလေးရဲတောက်နေတဲ့ babyကိုတွေ့ရသည်။

လက်ကလေးတစ်ဖက်ကလည်း ကျွန်တော့်အင်္ကျီစကို ဆုပ်ထားတာကျစ်လို့။ သာမန်နွေးတာထက်ပူနေတဲ့ နဖူးလေးကို နှုတ်ခမ်းနဲ့တို့ထိအပြီးမှာတော့ အချစ်ကလေးဖျားနေမှန်းသိရပြီ။ ညမအိပ်ခင်ထိအကောင်းကိုခုမှထဖျားတော့ ဒါ ကြောက်ဖျားပဲ နေမှာ။ လန့်ရုံတင်မက ကြောက်အောင်ပါလုပ်လိုက်မိတာကိုး။

🖤ဟေ့ ကလေးလေး ထပါဦး baby

ပါးလေးကိုနမ်းတော့လည်းတုတ်တုတ်မလှုပ် လှုပ်နှိုးတော့လည်း နိုးမလာတော့ ထထိုင်ရင်း သူ့ကိုယ်လုံးလေးကိုသေချာပွေ့ကြည့်တော့ အိပ်ပျော်နေတာမဟုတ်ဘဲ သတိလစ်နေတာမျိုး။ ငယ်ထိပ်မြွေပေါက်လိုက်သလို ထိတ်ခနဲဖြစ်သွားပြီး သူ့ကိုအိပ်ရာပေါ်အသာပြန်ချပြီး အောက်ထပ်ကကောင်တွေ လိုက်နှိုးရပြီ။ သာမန်ဖျားတာဆို ပြဿနာမဟုတ်ပေမဲ့ သတိလစ်နေတော့ ဆေးရုံသွားမှဖြစ်မယ်လေ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2حيث تعيش القصص. اكتشف الآن