Unicode
🖤 Theories of LOVE❤️
🖤 Season-4❤️
🖤Tabula Rasa-38❤️
အေးစက်နေတဲ့ လက်တစ်ဖက်နဲ့ ပါးစပ်ကိုဖိပိတ်ခံလိုက်ရပြီးနောက်မှာ တုန်ယင်နေတဲ့ နှလုံးသားက အော်ဖို့တောင်သတိမရတော့ဘဲ လူက တောင့်တောင့်ကြီး မတ်တပ်ရပ်နေမိသည်။ ခုအနောက်မှာ ရောက်နေတာက ဘယ်သူလဲ????
🖤ငါပါ Mike ရ
ဘယ်လောက်ကြမ်းတမ်း မိုက်မဲခဲ့ပါစေ အားနည်းချက်ဟာ ညီဖြစ်နေတာမို့ အသိတရားနဲ့လူ ကပ်နေဖို့ကို မနည်းထိန်းနေရချိန်မှာ ကြားလိုက်ရတဲ့အသံကြောင့် လူက ကြမ်းပေါ်ပါ ဖင်ထိုင်ကျရတာက စိတ်ကိုလျှော့ချလိုက်ရခြင်းကြောင့်ပါ။
ကြမ်းပေါ်ထိုင်ရင်း အကိုလေး ခြေထောက်ဖက်လိုက်တော့ သူကပါကျွန်တော့်ဘေးထိုင်ပြီး ပခုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လို့ အားပေးနှစ်သိမ့်သည်။ တားမရတဲ့မျက်ရည်တွေနဲ့ အကိုလေးကိုပဲ အားကိုးတကြီးဖက်တွယ်ရင်း ကျွန်တော်စကားတစ်ခွန်းမှတော်တော်နဲ့မပြောနိုင်ဘဲ ပြောထွက်တော့လည်း တစ်ခွန်းတည်းသာ။
"ညီ့ကို ကယ်ပေးပါ အကိုလေး ကျေးဇူးပြုပြီး ကယ်ပေးပါ"
🖤အင်းပါ ငါသိတယ် ငါကယ်ပေးမှာမို့ မင်းစိတ်ကို တည်တည်ငြိမ်ငြိမ်ထားစမ်း Mike
သတိပေးစကားနဲ့ နှစ်သိမ့်ခြင်းကြားက တည်ငြိမ်တဲ့လေသံကြောင့် မျက်ရည်ကို ချက်ချင်းပွတ်သုတ်ပစ်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်ထုတ်လို့ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တော့ ကျွန်တော့်လက်ကို အကိုလေးကဆုပ်ကိုင်လို့ ကတိတစ်ခုပေးသည်။
🖤ငါ့ ညီကို ငါရအောင်ကယ်မှာမို့ မင်းသာစိတ်ကို ငြိမ်အောင်ထား မပျော့ညံ့နဲ့
အားနည်းချက်ဟာ ငါတို့ချစ်ရတဲ့သူတွေဆိုတာမှန်ပေမဲ့ ငါတို့ခွန်အားကလည်း သူတို့ပဲ ဖြစ်ရမယ်ဆိုတဲ့ စိတ်ကို မွေးရမယ် Mike
ငိုစေချင်လို့ ငိုအောင်လုပ်တာကို သိရက်နဲ့ ငါတို့ကငိုပြနေစရာမလိုဘူး ငိုရင်ငါတို့ရှုံးပြီပဲ
အခု ရန်သူက ငါတို့နဲ့ အနီးဆုံးကို ရောက်နေပြီဆိုတော့ ပိုပြီးသတိထားရမယ် ပြီးတော့ Blueဘယ်မှာရှိနေမလဲဆိုတာသိအောင် လုပ်ရမယ် အဲ့တော့ မနက်ကျရင်.....
ŞİMDİ OKUDUĞUN
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
Hayran KurguFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️