Unicode
🖤 Theories of LOVE❤️
🖤Season-4❤️
🖤 Tabula Rasa-35❤️
မျက်လုံးဖွင့်လိုက်တာနဲ့ ကြင်နာနွေးထွေးတဲ့အကြည့်တွေနဲ့ ကျွန်တော့်ကိုပြုံးပြနေတဲ့ ကိုကို့ကို တွေ့ရသည်။ ညကTentထဲမှာ အိပ်ပျော်သွားခဲ့ပေမဲ့ အခုတော့ အခန်းထဲပြန်ရောက်နေပါပြီ။
🖤နိုးပြီလား ကိုကို့ ကလေးလေး
❤️အင်း
🖤နေကောင်းတယ်မှတ်လား ကိုကို့ကိုပြောဦး
❤️အင်း ကောင်းတယ် ဘာမှမဖြစ်ပါဘူး မနေ့က အားရှိမဲ့ဟာတွေ အများကြီးစားထားတယ်လေ
🖤အဲ့ဒါဆို အခု မျက်နှာသစ်သွားတိုက်ရအောင် ထ ကိုကိုချီမယ်နော်
💛ဘေဘီ ထတော့ ဂျေးတွားရမယ်တဲ့
🕊️ဘေဘီ မြန်မရုပ်ရင် နေခဲ့ရမှာနော်
မှန်ရှေ့ lotionလူးနေတဲ့ ပဲများနေတဲ့နှစ်ကောင်ကို အသည်းယားလို့ ပြေးပြီးဖျစ်ညှစ်ပစ်လိုက်တော့ ချစ်စရာအသံလေးတွေက ထွက်ကျလာသည်။
❤️ဖအေကို ဘေဘီဟုတ်လား တော်တော်တတ်နေတာလား မင်းတို့ ကိုက်စားပစ်တော့မယ်နော်
💛ဟီးဟီး ပါပါးက ဘေဘီပဲဟာ ဟားဟား ယားတယ်
🕊️ရုပ်ပါနဲ့ချင့် ကြောက်ပါဘီ အားးးဟားဟားဟား
🖤ကဲပါ baby ရယ် လာပါ နောက်ကျနေတော့မယ် ချန်ချန်က ဈေးဝယ်ခိုင်းနေတာကွ လာ
သူကောက်ချီတော့ မျောက်တစ်ကောင်လိုပဲ သူ့ကိုဖက်တွယ်လို့ ပါသွားတော့ ဝက်ကလေးတွေက တဟားဟားအော်ရယ်ပြန်သည်။ရေချိုးခန်းထဲရောက်တော့ ဘေစင်ဘောင်ပေါ်တင်ထိုင်ခိုင်းပြီး သွားတိုက် မျက်နှာသစ်အကုန်လုပ်ပေးတာခံရသည်။
🖤ယုန်ကလေးရေစိုသွားပြီ ချစ်လိုက်တာကွာ နမ်းပါဦး
နှုတ်ခမ်းထော်ပြတော့ သူ့အလိုကျ အနမ်းတို့ခြွေပေးရသည်။နမ်းနေရင်းနဲ့ ညက ကိုယ့်ပုံစံကိုယ်ပြန်မြင်ယောင်လာလို့ မျက်နှာကနေရင်းထိုင်ရင်းပူလာပြန်သည်။
🖤 babyမျက်နှာက ရဲနေတာပဲ နေကောင်းရဲ့လား
❤️ကောင်းပါတယ် ဘာမှဖြစ်ဘူး ကိုကိုရော မျက်နှာသစ်ပြီးပြီလား ညကရောကောင်းကောင်းအိပ်ရဲ့လား
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️