🖤 Tabula Rasa-1❤️

497 81 264
                                    

Unicode

🖤 Theories of LOVE❤️

🖤Season-4❤️

🖤 Tabula Rasa-1❤️

ညသန်းခေါင် ၁၂နာရီမထိုးခင်အချိန်.....

ဗိုက်ထဲက နာလာတာက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်နေစေပြီ။
တစ်နေကုန် ပင်ပန်းထားတဲ့နေ့တွေဆို ညဘက် အိမ်သာထသွားရမှာ သေလောက်အောင်ပျင်းတဲ့ ကျွန်တော်မို့ မှိတ်ထားတဲ့မျက်လုံးကို မဖွင့်လိုက်ချင်တဲ့ ကျွန်တော်မို့ ခုလိုသည်းခံနေတာလေ။

အခုတော့ ဘယ်လိုမှမရတော့ပါဘူး။ အိပ်ချင်မူးတူးနဲ့ ထပြီး ရေချိုးခန်းထဲအဝင်မှာ ကုတင်ပေါ်က သားအဖတွေကိုလှမ်းကြည့်လိုက်သေးသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြတာမို့ စိတ်ချလက်ချနဲ့ အိမ်သာထဲဝင်ထိုင်နေပြီး ခဏအကြာမှာ မီးကပျက်သွားသည်။

ဒီရပ်ကွက်က တော်ရုံအကြောင်းကြီးငယ်မရှိဘဲ မီးမပျက်တတ်ပါဘူး။ ဖုန်းလည်းယူမလာမိတာမို့ မှောင်မှောင်မည်းမည်းထဲ ထိုင်နေတုံး ၅မိနစ်မကြာလိုက်ဘဲ မီးပြန်လာသည်။ မီးလာတော့ကိစ္စ ကမန်းကတန်းရှင်းြပီးပြန်ထွက်လာရင်းနဲ့ ဘာရယ်မဟုတ်ဘဲ ဝရန်တာဘက်ထွက်တဲ့တံခါးနားကနေ အိမ်ပြင်ကိုလှမ်းမျှော်ကြည့်လိုက်တော့ ခြံတံခါးကိုပြန်ပိတ်နေတာတွေ့ရသည်။

ဒီအချိန်ကြီး ဒီအိမ်ထဲကလူ ဘယ်သူကအပြင်ထွက်လို့လဲ။နောက်လှည့်ကြည့်တော့လည်း ကိုကိုက ကုတင်ပေါ်မှာအိပ်နေတာ သိုးလို့။အကျိုးအကြောင်းဘာရယ်ကွဲကွဲပြားပြားသိချင်လို့ အခန်းပြင်အသာထွက်တော့ ထူးခြားမှုကစတွေ့ရပါပြီ။

သားနဲ့သမီးရဲ့အခန်းတံခါးက အနည်းငယ် ဟနေပြီး အတွင်းထဲက မီးရောင်မှိန်မှိန်က ဟထားတဲ့တံခါးကြားကနေ ကြမ်းခင်း‌ပေါ် ခင်းထားတဲ့ သားမွှေးကော်ဇောပေါ်ထင်ဟပ်နေသည်လေ။

ကလေးတွေမအိပ်ဖြစ်လို့ အမြဲတံခါးပိတ်ထားတဲ့အခန်းက အခုပွင့်နေရုံမက မီးပါလင်းနေတယ်တဲ့။ မသင်္ကာတာနဲ့ အထဲဝင်တော့ ဖြာကျနေတဲ့မီးမှိန်မှိန်က အခန်းထဲကမဟုတ်ပဲ ခြံထဲကအလင်းရောင်ဖြစ်နေသည်။သားနဲ့သမီးရဲ့အခန်းမှာလည်း ကျွန်တော်တို့လိုပဲ မှန်တံခါးကာထားတဲ့ ဝရန်တာဘက်ထွက်တဲ့အပေါက်ရှိသည်။မီးရောင်သဲ့သဲ့က အခု အဲ့ဒီပွင့်နေတဲ့တံခါးကြားက‌ေန ဝင်နေခြင်းသာ ဖြစ်သည်။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora