Unicode
🖤 Theories of LOVE❤️
🖤 Season-4❤️
🖤 Tabula Rasa-3❤️
ဆောင်းဝင်ခါစ မနက်ခင်းနေရောင်ခြည်ဟာ လင်းချင်းနေသော်ငြား ပူတယ်မဆိုပဲ နွေးရုံသာ...
ညှင်းသွဲ့သွဲ့လေပြည်ကြားမှာ ရေပုံးလေးတွေကိုင်လို့ သူတို့အပင်လေးတွေရေလောင်းနေကြတဲ့ ကလေးတွေကို ထိုင်ကြည့်ရင်း ကိုယ်ဘယ်လိုအသက်ရှူနေရတယ်ဆိုတာကိုတောင် မေ့လျော့နေမိသည်။
နှင်းဆီပန်းအဖူးလေးတွေ အပွင့်လေးတွေကိုကြည့်ရင်း သဘောကျနေတဲ့ သားနဲ့သမီးကိုကြည့်ရင်း ပီတိတွေနဲ့ မျောနေတာနေမှာပါ။
❤️ကိုကို့ကလေးတွေကိုကြည့်စမ်း သူတို့စိုက်ထားတာတွေ ပန်းပွင့်နေတော့ ပျော်နေကြတာ
🖤အင်း သိပ်ချစ်ဖို့ကောင်းကြတာ baby အသက်ရှူရ အဆင်ပြေလား
POC စက်ကလေးဖက်လို့ မေးပုံက ကလေးလေးလိုမျိုးမို့ ကျွန်တော်ပြုံးမိပြီ။ အရိပ်တကြည့်ကြည့်ထက်ပိုတဲ့ အနေအထားမှာ ကြင်နာခြင်းတွေနဲ့ နွေးနေရတာ ဘာများအဆင်မပြေစရာရှိနိုင်မှာလဲလေ။
❤️ နေမကောင်းဖြစ်စေမဲ့ ပိုးတွေရှိရင်တောင် ကိုကို့ကိုကြောက်လို့ ပြေးမှာ ကိုကိုကအရိပ်တကြည့်ကြည့်ဂရုစိုက်နေတာလေ
🖤ပြေးပါစေကွာ baby သာ သားနဲ့သမီးလောက် ခန္ဓာကိုယ်လေးဆို ကိုကို တစ်ချိန်လုံး ချီထားမှာ
❤️ပိုကိုပိုတာ ကတုံးကြီး
🖤 ငါ့ဟာငါချစ်တာ ဘာဖြစ်လဲ ကတုံးလေးရဲ့ မင်းနော် အချစ်နဲ့ လေလည်တာတော့ မပိတ်ပင်နဲ့ မရဘူး
❤️ ကိုကိုကလေ ကဗျာဆန်ဆန်လည်း မပြောတတ်ဘူး အဲ့ဒါလည်း ချစ်ဖို့ကောင်းနေတာပဲ
🖤ကိုကိုတို့က ယောကျာ်းတွေလေကွာ ယောကျာ်းအချင်းချင်းချစ်တာ နုရွနေဖို့လိုလို့လား
❤️မလိုပါဘူး baby လို့ ခုထိခေါ်နေတာတောင်လွန်လှပြီ
🖤 အဲ့ဒါကတော့ အသက်ကြီးတဲ့ထိခေါ်မှာပဲ မတတ်နိုင်ဘူး ဘာလို့လဲမေးရင် ချစ်လို့ဆိုတာပဲသိတယ်
BINABASA MO ANG
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️