🖤Verdant Note-22❤️

546 93 129
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-22❤️

💚📝ကန့်သတ်မရသော မေတ္တာတို့ဖြင့် အိပ်မက်များအား အသက်သွင်းပါမည်...

🖤❤️🖤❤️

ရင်ခုန်သံချင်း ပြိုင်ရင် ဘယ်သူနိုင်မလဲလို့ မေးစရာရှိတဲ့ အနေအထား...

ဝင်သက်ထွက်သက်နဲ့ ရှိုက်သံတစ်ချို့ကို စူးစမ်းရင်း ကျွန်တော့်နှလုံးသားအတွက် အဆုံးအဖြတ်တစ်ချို့ကို စောင့်နေရတဲ့ အခိုက်အတန့်...

ကိုကို့နားမှာ baby မနေချင်တော့ဘူးလို့များ ပြောလာခဲ့ရင် ကျွန်တော်ဘယ်လိုနေရမလဲဆိုတဲ့စိတ်နဲ့ baby ကျောကို ပွတ်သပ်ပေးနေရင်း အကြောက်တရားကို သူမသိအောင် မနည်းထိန်းချုပ်နေရပါသည်။

❤️ baby ပင်ပန်းတယ် ကိုကို ဒါပေမဲ့ ကိုကို့နားကနေ ဘယ်ကိုမှထွက်မသွားတော့ဘူး ဘယ်တုံးကမှလည်း တကယ်ထွက်မသွားနိုင်ခဲ့ပါဘူး

ကိုကိုသာ baby ကိုခုလို ဂရုတစိုက်မေးနေရင် baby တစ်သက်လုံးနေရဲပါတယ် ဒါလေးပါပဲ

🖤 ဟား.....ကျေးဇူးတင်တယ် baby ရယ် ကျေးဇူးတင်ပါတယ်ကွာ

သက်ပြင်းတချို့ရှိုက်ထုတ်ပြီး အသက်မနည်းဝအောင်လုရှူနေရတဲ့အထိ ကျွန်တော်ဝမ်းသာလုံးဆို့နေပြီ။

❤️ baby လည်း ကျေးဇူးတင်တယ် ခုလိုမေးပေးလို့ ပြီးတော့ ကိုကို့ကို ပိုဂရုစိုက်ပါ့မယ် ခုထက်အများကြီး ပိုချစ်ပေးပါ့မယ်

🖤 ကျန်းမာပြီး ပျော်နေရင် ကိုကို ကျေနပ်ပြီနော် baby အများကြီးမတွေးနဲ့ အခု နေလို့ရောကောင်းရဲ့လား

❤️ ကြိုးစားနေပါတယ် အဆင်ပြေသွားမှာပါ baby ....အဲ့ ကိစ္စကို ခုထိခေါင်းထဲက ထုတ်မရသေးလို့ပါ

🖤 ရှူးးးးတော်ပြီ မပြောနဲ့တော့ ကိုကိုရှိတယ်နော် ဘာမှမဖြစ်ဘူး

❤️ သားနဲ့ သမီးရော မနက်က စိတ်ဆိုးသွားသေးလားဟင်

🖤 မဆိုးပါဘူး baby ရယ် သားနဲ့သမီးက ဖြစ်တုံးခဏပဲ သူတို့ကမ္ဘာလေးက ရိုးသားပြီးဖြူစင်တယ်လေ ပျော်ပျော်လည်းနေတတ်တာ baby သိတယ်မှတ်လား

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now