Unicode
🖤 Theories of LOVE❤️
🖤 Season-4❤️
🖤 Tabula Rasa-11❤️
ကြည့်မဝရှုမဝနဲ့ ချွဲမယ်သာပြောနေတာ သူ့မျက်နှာကနေ အကြည့်ကလွှဲမရသေးတော့ အိပ်ရာပေါ်ကနေခြေထောက်တောင် အောက်မချရသေးပါဘူး။
ကိုကို့ မျက်တွင်းတွေကျနေတယ်။ပြီးတော့ လက်နှစ်ဖက်လုံးမှာလည်း ပတ်တီးစည်းထားတယ်။ ဒါပေမဲ့ ဘာမှမဖြစ်သလိုပဲ ကျွန်တော့်ခေါင်းကိုပွတ်လို့ ပြုံးပြနေတယ်။သူကျွန်တော်မသိအောင် ဖုံးကွယ်ထားတာ တစ်ခုခုရှိနေမယ်ထင်တယ်ဆိုတဲ့အသိနဲ့ ရင်ထဲတစ်မျိုးတမည် ခံစားနေရသည်။
🖤အချွဲတုံးလေးလုပ်မယ်ဆို ဘာလို့ကြည့်နေတာတုံး babyရဲ့
❤️ကိုကို babyမသိအောင်ဘာလုပ်နေလဲလို့ ရှာနေတာ
🖤အဲ့တော့ တွေ့လား
❤️တွေ့ဘူး
🖤ကိုကိုဘာမှမလုပ်ဘူး ကလေးလေးရဲ့ မျက်ကွင်းညိုနေတာက မနေ့ညကလည်းမအိပ်ရ ဟိုနေ့ညကလည်း မအိပ်ရလို့လေ
လက်ကဒဏ်ရာကလည်း တည်းတဲ့အိမ်မှာ စိုက်ခင်းလေးတွေရှိတော့ အလုပ်အားတဲ့ နေ့ဘက်တွေစိတ်ပြေလက်ပျောက်ဆိုပြီး အိမ်ရှင်နဲ့တူတူဝင်လုပ်ရင်း လက်ကရှမိ ခိုက်မိတာနဲ့ ဆေးထည့် ပတ်တီးစည်းထားရတာ
ကျွန်တော့်မျက်လုံးထောင့်စွန်းရွေ့တာကအစ ဂရုတစိုက်ကြည့်ပြီး ကျွန်တော်တွေးနေမှာတွေကို တစ်ခုချင်းစီဖြေရှင်းပြနေတာကိုက ချစ်ဖို့ကောင်းလိုက်တာဗျာ။
❤️ကိုကို့ကို ချစ်တယ်
🖤အင်း ကိုကိုကလည်း baby ကို ချစ်တယ်
❤️ခဏပဲ ကိုကို babyနားနေပါ ပြီးရင် သားနဲ့သမီးနား နားနားနေနေ နေလိုက်နော် သူတို့အဖေကို တစ်ချိန်လုံးအပိုင်သိမ်းထားတယ်လို့ ရန်လာတွေ့နေကြမှာစိုးလို့
🖤ကိုကိုကနေပေးမှာပါ babyတို့သားအဖတွေနားမှာ ဘာမှပူမနေနဲ့ အခု တစ်ခုခုစားရအောင်နော်
❤️ဟင့်အင်း မစားချင်တော့ဘူး ကိုကို့ကို ဖက်ထားရရင် ဗိုက်ဝပြီ
🖤အဲ့လို လူလည်ကျလို့မရဘူးနော် မစားချင်လို့ ဉာဏ်ဆင်နေတာသိတယ် ကိုကိုခွံ့ကျွေးမယ်လေနော် ဝင်သလောက်နည်းနည်းချင်းစား ပြီးရင်ဆေးသောက်ရမယ် babyရဲ့ ဆေးမသောက်ရင် ကိုယ်တွေပြန်ပူလာမှာနော်
BINABASA MO ANG
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️