🖤Verdant Note-16❤️

690 99 239
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-16❤️

💚📝 အဆုံးသတ်မှာ ပြုံးနေရုံပါပဲ ဝဋ်ကတော့ သူ့အလုပ်သူလုပ်ပါလိမ့်မည်

🖤❤️🖤❤️

သွပ်ပြားပေါ်မိုးရေကျသံလို တတောက်တောက်အသံလေးတွေက နားစည်အမြှေးပါးကို ထိခတ်လာတော့ စိတ်ထဲကတွေးမိသည်။

မိုးရွာရမဲ့ ရာသီဥတု မဟုတ်ပဲ ဘာလို့ ဒီလိုအသံတွေကြားနေရသလဲလို့ပေါ့။ မအိပ်ခင်ကလည်း နေတွေပူနေတာပါ။ မျက်လုံးဖွင့်ကြည့်ဖို့ ကြိုးစားနေချိန်မှာ ရင်ဘတ်ထဲက နင့်ခနဲဖြစ်ပြီး တစ်ချက်အောင့်သွားတော့ ယောင်ယမ်းပြီး ဆုပ်မိဆုပ်ရာ ဆုပ်ကိုင်လိုက်မိတာက နူးညံ့တဲ့ အဝတ်စတစ်ခု။

🖤 baby အိပ်မက်ဆိုးတွေ မက်နေတာလား

ကိုကို့အသံကြားရတော့ အသာလေးငြိမ်ရင်း အသက်ကိုဖြည်းဖြည်းမှန်မှန်ရှူရသည်။ ကျွန်တော်ဆုပ်ကိုင်လိုက်မိတဲ့အရာက ကိုကို့ အင်္ကျီစ ထင်ပါတယ်။ မျက်လုံးမဖွင့်ပဲ ကိုင်လိုက်မိတာဆိုတော့ ကျွန်တော့်မျက်နှာအနေအထား
ကြည့်ပြီး အိပ်မက်ဆိုးမက်နေတယ်ထင်သွားတာနေမှာ။

🖤 baby ကလေးလေး ထပါဦး နေ့ခင်းရောက်နေပြီ နေ့လယ်စာ စားကြမယ်လေနော်

ဆက်မအိပ်ခိုင်းတော့ဘဲ ပါးကိုပွတ်ရင်း နှိုးနေပြီမို့ ရင်ဘတ်ထဲကအောင့်နေတာကို ဥပေက္ခာပြုရင်း အသာလေး မျက်လုံးဖွင့်ကြည့်လိုက်သည်။

🖤 ကိုကို့ကလေးလေး နိုးလာပြီပဲ ထတော့ အိပ်ပုတ်လေး

သူ့ကိုသေချာကြည့်မိတော့ ကျွန်တော့်ဘေးထိုင်ပြီး Laptop ပေါင်ပေါ်တင်ထားတာတွေ့ရသည်။ ခုနက မိုးရွာတယ်ထင်တဲ့အသံက ကိုကိုစာရိုက်နေတဲ့ အသံကိုး။

🖤 ဟေ့ ဘာတွေတွေးနေတာလဲ ထလေ baby ရဲ့ လာ

သူဆွဲထူတော့ ထထိုင်ပြီးတာနဲ့ သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း ပြောလိုက်သည်။

❤️ ကိုကို ထမင်းစားပြီးရင် ဟိုကောင့်ဆီသွားရအောင်

🖤 ဘယ်ကောင်လဲ

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now