Unicode
🖤 Theories of LOVE❤️
🖤 Season-4❤️
🖤 Tabula Rasa-10❤️
မွေ့ရာထူထူနဲ့ အိပ်ရာခင်းတွေ အထပ်ထပ်ခင်းပြီးတာနဲ့ အိပ်ရာနေရာဟာ သူတို့မောင်နှမရဲ့ ကစားကွင်းဖြစ်ရပြီ။
ဒီမနက်ကလို ကျွန်တော်မသိလိုက်ပဲ ပြုတ်ကျတာမျိုးထပ်ဖြစ်မှာစိုးလို့ ဒီညတော့ ကုတင်ပေါ်မအိပ်ဘဲ အောက်မှာပဲ အိပ်ဖို့စဉ်းစားလိုက်တာပါ။
အောက်မှာဆိုတော့ ပြုတ်ကျမှာပူစရာမလိုတော့ဘူးမဟုတ်လား။ အိပ်ရာခင်းပြီးတာနဲ့ ညောင်းနေပြီမို့ သူတို့ဆော့တာကိုလွှတ်ထားလိုက်ပြီး လှဲချလိုက်ရင်း အကြောဆန့်ရသည်။
❤️ ညောင်းလိုက်တာ အင်း.....
စိတ်မှာဒဏ်ပိတာနဲ့ ရုပ်ကိုထိတဲ့ ရောဂါပိုင်ရှင်မို့ ကိုကိုမရှိတဲ့ ဒီနှစ်ရက်လောက်လေးကို ကျွန်တော့်မှာစိတ်ပန်းလူပန်းနဲ့ နွမ်းလှပြီလေ။
မဆိုးပေမဲ့ အဆော့သန်တဲ့ကလေးတွေကို တစ်နေကုန်ထိန်းရတာတစ်ကြောင်း စိတ်ပင်ပန်းတာတစ်ကြောင်းနဲ့ လူကနွမ်းပြီး ဖျားချင်ချင်တောင်ဖြစ်နေပြီ။ ဖျားချင်ချင်လို့တွေးမိတာနဲ့ ကိုကို့မျက်နှာပြေးမြင်သည်။
ဒါ လွမ်းဖျားပေါ့ ကိုကို... ခင်ဗျားကို လွမ်းလို့ရတဲ့ ဒီဂရီမြင့် နွေးထွေးခြင်းပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေတုံး ဖုန်းလာတော့ ကလေးတွေလက်ထဲပဲ ဖုန်းထိုးထည့်ပေးလိုက်သည်။
💛ဟရို ဒီဒီရေးးး
🖤ဝေးးး ငါ့သားရေးးး
🕊️ဒီဒီ အိပ်တော့မှာရား
စပီကာဖွင့်ပေးထားတာတောင် သားအဖတွေ သံပြိုင်ဖင်ကုန်းအော်နေကြတာ ဆူညံလို့။
🖤အိပ်တော့မှာဗျိုးး မအိပ်ခင်လွမ်းလို့ဖုန်းဆက်တာ ဒါနဲ့ ပါပါးရော
❤️အိပ်သွားပြီလို့ ပြောလိုက်
လေသံနဲ့ခြေဟန်လက်ဟန်နဲ့ အိပ်သွားပြီလို့ ပြောခိုင်းတော့ အားရပါးရပြောချပုံက ဒီလို။
💛 ပါပါးက တူအိပ်တွားဘီရို့ ပြောရိုက်တဲ့
🖤ဟားဟား အဲ့လိုလား ဒီကောင်လူလိမ်ပဲကွာ မေးလိုက်စမ်း သား ရေခဲချောင်းစားမလားလို့ ပါပါးကို
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️