🖤 Tabula Rasa-40❤️

611 69 347
                                    

Unicode

🖤 Theories of LOVE❤️

🖤Season-4❤️

🖤 Tabula Rasa-40❤️

လေဆိပ်က VIP ဧည့်သည်တွေရဲ့ နားနေဆောင် အခန်းတစ်ခန်းထဲမှာ အသက်ရှူသံ ခပ်ပြင်းပြင်းတချို့က ဝေ့ဝဲလို့....

⚡အ.....P' မကိုက်နဲ့လေ

"ဟင့်အင်း မင်းကို ကိုယ်လွမ်းနေရတော့မှာကိုကွာ နည်းနည်းတော့ ပေးနမ်းပေါ့"

Mikeဆိုတဲ့ ထိုလူကို လုံးလုံးငြင်းပယ်မရတဲ့အနေအထားမို့ရယ် ပြီးတော့ ဒီညအစီအစဉ်တွေအောင်မြင်ဖို့ရယ်အတွက် အခု သူသွားရမဲ့ ခရီးတစ်ခုကိုလိုက်ပို့နေတာကို တမင်သက်သက်အသားယူနေတာများ အသက်တောင်ရှူလို့မရ။

လွမ်းနေရတော့မှာဆိုတဲ့ အကြောင်းပြချက်နဲ့ လူကိုအတင်းပွေ့ဖက်ပြီး နမ်းရှုံ့နေရုံမျှမက အခု လည်ပင်းကို အားနဲ့ကိုက်ချလိုက်တာက စူးခနဲမို့ အသံထွက်အောင် အော်မိပြီလေ။ Blueဆိုတဲ့ကောင်ရေ မင်း ဒီလူကိုများပြန်ချစ်မိရင် မှားမယ်နော်။အဖြေမရသေးတာတောင် ဒီလောက်ကြမ်းတမ်းနေတာ ချစ်သူသာဖြစ်သွားရင် သူအချစ်ကြမ်းတာနဲ့ တစစီဖြစ်မယ်ထင်တယ်။

"ကိုယ်ပြန်လာရင် အဖြေပေးနော် N'...."

⚡အင်း....အင်းပါ .....အ ခင်ဗျား မကိုက်နဲ့တော့လို့

ဝဲဘက်ရင်အုံကအသားကို ခပ်ဖိဖိကြိတ်ကိုက်ထားတော့ လူက နေမရထိုင်မရနဲ့ နောက်ဆုံးလွှတ်ခါနီးမှာ အသားပါ ပါအောင်ဆွဲကိုက်ခံလိုက်ရသလိုမျိုးမို့ လူက မျက်လုံးပါပြာတက်သွားသည်ထိ နာကျင်မှုကို ခံစားလိုက်ရသည်။

"ဒီလောက်ဆို အလွမ်းနည်းနည်းပြေပြီထင်တယ်"

သွေးစွန်းနေတဲ့ နှုတ်ခမ်းကိုကြည့်ရင်း ဒီကောင့်ကို ခုချက်ချင်း ရိုက်သတ်ချင်စိတ်ကတဖွားဖွားနဲ့မို့ စိတ်ဆိုးဟန်ဆောင်ပြီး သူ့လက်ထဲက လွတ်အောင်ရုန်းထွက်လို့ အိမ်ပြန်ဖို့ ပြင်ရပြီ။

⚡P' အရမ်းကြမ်းတာပဲ ခုလိုပုံနဲ့ ပြန်လာလည်း ဘာအဖြေမှရမယ်မထင်နဲ့ ကျွန်တော်ပြန်ပြီ

ကျောခိုင်းလိုက်တာနဲ့ ဒီညကိုယ်ရတော့မဲ့ အောင်မြင်မှုက အသက်ဝင်လာသလိုမျိုး ရင်ထဲကျေနပ်ခြင်းက စိမ့်ဝင်လာသည်။ ဒီည တစ်စုံတစ်ယောက်ရဲ့ နှလုံးသားကို ကျွန်တော် နင်းခြေပစ်နိုင်တော့မှာ မို့လို့လေ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Nơi câu chuyện tồn tại. Hãy khám phá bây giờ