🖤A Million Dreams-52❤️

956 120 228
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-52❤️

❤️ကြယ်တွေကြည့်ရတာ မောသွားပြီ...

အိပ်မပျော်ခင် ခပ်တိုးတိုးရေရွတ်သွားတာလေးကိုက ကျွန်တော့်ရဲ့ညကို ကြယ်တွေထက် လင်းစေတာပါ။ သူ့ပါးဖောင်းဖောင်းလေးကို ချစ်စနိုးငုံခဲရင်း စတာတောင် သူမလှုပ်တော့။ ဝက်ကလေးရဲ့ဟောက်သံဟာ ကျွန်တော့်နှလုံးသားရဲ့ အကောင်းဆုံးဂီတပါပဲ။

🖤 အိပ်ပြီလား ဝက်ကလေးရဲ့ ပုကျုလေး ကိုကို့ကလေးလေး ကလေးဆိုးလေး သူပုန်ကောင်လေး

ဖက်ထားရင်းနဲ့ အားမလိုအားမရ ဖျစ်ညှစ်ပစ်တော့ တအင်းအင်း တအဲအဲနဲ့။ အအေးမိပြီး ဖျားမှာစိုးလို့ အသာလေးပွေ့ချီပြီး အခန်းထဲပြန်ဝင်လာတော့လဲ သူ့မှာဟောက်ကောင်းတုံး။

ဒီအကောင်လေးနဲ့တော့ စိတ်မချရတာ အဲ့ဒါပဲ။ ဒီနေရာမှာ ကိုယ်မဟုတ်ပဲ တခြားလူဆိုဘယ်လိုလုပ်မလဲ။ သန့်ရှင်းရေးလုပ်ပေး အင်္ကျီလဲပေးပြီးတာတောင် သူမနိုးပဲ  ကာလနဂါးကအရှုံးပေးရအောင်ကို အိပ်နေတာ တော်တော်ပင်ပန်းသွားတာလဲ ပါမှာပါလေ။ သူ့ကိစ္စဝိစ္စတွေပြီးတာနဲ့ ကိုယ်လဲ ခြေလက်ဆေး အဝတ်လဲရသည်။

🖤 အား......ခုမှပဲ အိပ်ရတော့မယ်

ဝက်ကလေးနားဝင်လှဲရင်း သူ့ကိုပွေ့ဖက်ပြီးအိပ်ဖို့ပြင်ပေမဲ့ စိတ်က တစ်ခုခုကိုအလိုမကျဖြစ်နေတာ ဘာလို့ရယ်မသိ ထူးဆန်းလွန်းသည်။ အဲ့ဒါနဲ့ပဲ သူ့ဘေးကနေ ထပြီး အခန်းထဲဘာမှန်းမသိခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း မရည်ရွယ်ပဲရောက်သွားတာက သူ့ဆေးဘူးတွေထည့်ထားတဲ့ သူ့ဘေးက မီးအိမ်တင်တဲ့ စားပွဲလေးနား။

🖤 ဟင်း ငါထင်တယ်

သက်ပြင်းချရင်း အံဆွဲလေးဆွဲဖွင့်ပြီး ဆေးဘူးထုတ်ရင်း အသည်းတွေယားလို့ ဝက်နှုတ်ခမ်းကို ဆွဲလိမ်ပစ်လိုက်သေးသည်။ ဆေးကို အလုံးရေနဲ့ မှတ်ထားတာကို ဒင်းကို အသိမပေးထားဘူးလေ။ သူမသိတဲ့အခါတွေ ကြုံရင်ကြုံသလို ဆေးသောက်ဖို့မေ့နေသလားဆိုတာစစ်ဖို့ မှတ်မှတ်ထားရတာ အမော။ အခုစစ်ကြည့်တော့မှ ဒေါသကထွက်ရပြီ။ ဒင်း ဆေးမသောက်တာ ဒီနေ့တစ်နေ့လုံးပါပဲလား။ မနက်ကလဲမသောက်ထားသလို ခုညလဲမသောက်ဘူး။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora