Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-45❤️
ငိုညည်းခြင်းတွေနဲ့ ထွေးလုံးရစ်ပတ်ရင်း ညကအိပ်ပျော်သွားခဲ့တာ အခု ပူနွေးနွေးအထိအတွေ့ကြောင့် နိုးထလာရပြီ။ သာမန်ထက်ပူနွေးနေတဲ့ အသားအိအိလေးက ကိုယ်ထွေးပွေ့ထားတဲ့လူသားဆီကဆိုတော့ ချက်ချင်း မျက်လုံးပြူးလာသည်။
ညက သူအိပ်ပျော်မှ ရင်ခွင်ထဲခိုးထည့်ရတဲ့ဘဝလေ။ အခုတော့လဲ ကျွန်တော့်ကို အားရပါးရခွဖက်ရင်း အိပ်ပျော်နေတာ ကလေးလေးလိုပဲ။ နဖူးကိုနှုတ်ခမ်းနဲ့ စမ်းတော့ အဖျားငွေ့လေးကို ခံစားရသည်။ ညကအကောင်းကြီးကို အခု ဘာလို့ဖျားရတာလဲ baby ရယ်။
ဖျားတာနဲ့ မျက်နှာရယ် နှုတ်ခမ်းသားလေးတွေရယ်က ရဲတွတ်နေတတ်တော့ ကျွန်တော့်ရင်ခွင်ထဲတိုးအိပ်နေတဲ့ကောင်လေးက အရုပ်ကလေးလိုပဲ။ ဒီလိုအရုပ်ကလေးကို ကျွန်တော်အဆုံးရှုံးမခံနိုင်တာ မလွန်ပါဘူးနော်။
သူဖက်တွယ်ထားခြင်းခံရပါလားဆိုတဲ့စိတ်နဲ့ မထပဲနေချင်ပေမဲ့ ဘာလို့ဖျားရသလဲဆိုတဲ့အဖြေကိုရှာဖို့ လုပ်ရမှာမို့ ဖက်ထားတဲ့သူ့လက်လေးကိုဖယ်ရင်း ထဖို့ပြင်တော့ လူကိုခွထားတဲ့ ဘယ်ဘက်ခြေထောက်မှာ ခြေဖဝါးက ပတ်တီးဖြူလေးစည်းနှောင်ထားလို့။
ခြေထောက်လေးကိုအသာ မ ရင်း စဥ်းစားခန်းဖွင့်တော့ ညက ဖန်ကွဲစတွေမရှင်းပဲထားခဲ့မိတဲ့ ကိုယ့်ဟာကိုယ်ပဲ အပြစ်တင်ရသည်။ တက်နင်းမိပြီး ဒဏ်ရာရတာနေမှာ။ အဖျားကလဲ ငွေ့ငွေ့ပဲမို့ တော်ပါသေးရဲ့လေ။ ညက ဆေးဘူးတွေဖွင့်သံလဲကြားတယ်ဆိုတော့ ကလေးဆိုးလေးက ဆေးသောက်ပြီး အိပ်တယ်နေမှာ။
💛ရွှီ................ ထကြတော့ ထကြတော့
🕊️ မိုးရင်းပြီဟေးးးးးးးးးး
အော်ဟစ်ဆူညံကာ ဝင်လာကြတဲ့နှစ်ကောင်
ကြောင့် baby နားကိုပဲ ပြေးပိတ်ထားရမလိုလို ဘာလိုလိုနဲ့ ကုတင်ပေါ်မှာကျွန်တော်ငုတ်တုတ်မေ့ပေါ့။❤️ အင်းးးးးးးးးးးးး ဘာတွေအော်နေကြတာလဲကွာ
ခုရက်ပိုင်း မနက်ဖက်ဆို အိပ်ရာလာနှိုးချင်ပါတယ်လို့ အရေးဆိုထားကြတဲ့ကလေးတွေကြောင့် ညအိပ်ရင် အခန်းတံခါးကို lock မချထားကြတာပါ။ အဲ့တော့ နှိုးစက်မလိုပဲ မိုးလင်းတာနဲ့ သူတို့အော်သံနဲ့ပဲ အိပ်ရာထရတာလေ။
ESTÁS LEYENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️