Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Verdant Note-18❤️
💚📝မေတ္တာလက်တို့ဟာ အိမ်တစ်လုံးနဲ့ တူတယ်တဲ့...
ပွေ့ဖက်ထားခြင်းအားဖြင့် ဒီအိမ်လေးထဲ မင်းကို တစ်သက်လုံးနေစေချင်တယ် baby...
🖤❤️🖤❤️
မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်တော့ ကိုယ့်ဘေးနားမှာ ဘယ်သူမှရှိမနေ။ ဘေးကိုစောင်းငဲ့ကြည့်တော့ ဟိုဘက်က ကုတင်ပေါ်မှာ သားနဲ့သမီးက အိပ်နေသည်။ ကိုကိုလဲမရှိ Mike တို့ကိုလည်းမတွေ့နဲ့ သူတို့ဘယ်ကိုသွားနေလဲတော့မသိ။
အပြင်ဘက်ငေးတော့ ခန်းဆီးလိုက်ကာကို ဖောက်ကျလာတဲ့ နေခြည်က ခပ်နုနု။ သစ်ပင်ရဲ့ အရိပ်တချို့လဲထင်ဟပ်နေတာကြောင့် နေရောင်ခြည်တိုက်ရိုက်မကျတာထင်သည်။
မိသားစုနဲ့ အိမ်သစ်ပြောင်းရတယ်လို့ သဘောထားပြီး ကျွန်တော်မပျော်ပိုက်တဲ့နေရာမှာ ပျော်အောင်နေဖို့ကြိုးစားရမှာမို့ မြင်မြင်သမျှကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်ဖို့လိုသည်လေ။
အဆင်ပြေပါတယ်လို့ အရိပ်တွေကိုကြည့်ငေးရင်း တွေးနေတုံး သန့်စင်ခန်းထဲက ထွက်လာတဲ့ ခြေသံကြားလို့ ကြည့်လိုက်တော့ ကိုကိုဖြစ်နေသည်။
🖤 baby သတိရနေပြီလား
အနားကို လေလိုအလျင်နဲ့ ရောက်လာပြီး ကျွန်တော့်ကိုထွေးပွေ့လိုက်တဲ့ သူ့ခန္ဓာကနွေးထွေးနေသည်။ ကျွန်တော်သဘောကျတဲ့အနွေးဓာတ်က ကမ္ဘာပေါ်မှာ သူ့ဆီကနေပဲရနိုင်တာလေ။ သူ့ကိုပွေ့ဖက်ထားရင်းနဲ့ ကျောကုန်းပေါ်လက်ရောက်သွားတော့ ကျွန်တော်သတိတစ်ခုပြုမိတာက သူအသက်ရှူတာပုံမှန်မဟုတ်ဘူး။
ပြီးတော့ ပိုပြီး သတိထားမိလာတာက သူ့နှလုံးခုန်သံတွေ။ သူရင်တွေအရမ်းတုန်နေတယ်ဆိုတာကို ကျွန်တော့်ရင်ဘတ်ထဲက ခံစားမိနေတယ်။
❤️ ကိုကို baby ကိုကြည့်
🖤 အင်း ဘာလို့လဲ baby
ဖက်ထားရာကနေ လူချင်းခွာပြီး ပြုံးပြနေတဲ့ သူ့မျက်နှာကို ပွတ်သပ်ရင်း သေချာကြည့်တော့ သူ့နှုတ်ခမ်းတွေက ဖြူဖပ်ဖြူလျော်နဲ့ သွေးမရှိသလိုဖြစ်နေသည်။
ESTÁS LEYENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️