🖤A Million Dreams-37❤️

732 98 134
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-37❤️

📲📲📲

message ဝင်သံကတော့ သေးသေးလေးပါ။ ကျွန်တော်ကတော့ အိပ်မက်ဆိုးထဲမှာ တစ္ဆတေစ်ကောင် ငိုညည်းသံကိုကြားရသလိုခြောက်ခြားစွာနဲ့ နိုးလာခဲ့သည်။ အိပ်တစ်ဝက်နိုးတစ်ဝက်အနေအထားမို့များ ဒီအသံလေးကြားရုံနဲ့ လန့်နိုးရတာလား။

ဘေးကြည့်တော့လဲ ကိုကိုကမရှိ ဖုန်းယူကြည့်တော့ လူတစ်ကိုယ်လုံးမြောက်တက်သွားပြီး ရိုက်ချခံလိုက်ရသလိုပဲ။ ဟိုအရူးကောင်ရဲ့နံပါတ်နဲ့ ပို့ထားတဲ့စာက တိုတိုလေးရယ်ပါ။

⚡ သူ့အပြုံးတစ်ခု ငါပိုင်ပြီ

ချက်ချင်း စာကိုဖျက်ပြီး အိပ်ရာထဲကနေ ကုန်းရုန်းထကာ အပြင်ကိုပြေးအထွက် တိုးဝင်မိတဲ့ရင်ခွင်တစ်ခုကြောင့် လူကမနည်းကို အရှိန်ထိန်းလိုက်ရသည်။

🖤 baby အိပ်နေတာမှတ်လား ဘာဖြစ်လာတာလဲ

ကျွန်တော့်ရဲ့ရေးကြီးသုတ်ပြာပုံစံကိုကြည့်ပြီးမေးနေတော့ ဟန်ဆောင်ခြင်းတွေလွှမ်းခြုံဖို့ ဉီးနှောက်ကအလုပ်များရပြီ။

❤️ အိပ်မက်ဆိုးမက်လို့ အခန်းထဲမှာ ကိုကိုမရှိလို့ ပြေးထွက်လာတာ

မျက်နှာပြမနေပဲ သူ့ကိုအတင်းဖက်တွယ်ထားတော့ ကျောပြင်ကို သူ့လက်ဖဝါးနွေးနွေးကြီးတွေနဲ့ ပွတ်သပ်ပေးတော့သည်။

🖤 sorry ပါ ကိုကို့ကလေးလေးရယ် ကိုကိုမရှိနေတော့ လန့်သွားမှာပဲ အခုဘာမှမဖြစ်တော့ဘူးနော် ကိုကိုရှိတယ် လာ

ကျွန်တော့်ကို ချီတော့ သူ့ခါးမှာခြေထောက်ချိတ်ရင်း အခန်းထဲပြန်ပါသွားရပြီ။ ကုတင်ပေါ်တင်ပေးပြီး ရေတစ်ခွက်လာတိုက်တော့ ကိုယ့်စိတ်ကိုယ်ထိန်းပြီး အရိုးမပါတဲ့ရေကို မနင်အောင် မနည်းသောက်ရတဲ့ဘဝ။

❤️ ကိုကိုက ဘယ်သွားတာလဲ baby နား မနေပဲနဲ့

🖤 သြော် ခြံထဲ ခဏဆင်းတာပါ baby ရဲ့ အခု ဘယ်မှမသွားတော့ဘူး ကိုကိုပြန်သိပ်မယ်နော်

လူကိုပွေ့ဖက်ပြီး လှဲချလိုက်တော့ သူ့ရင်ဘတ်ပေါ်ခေါင်းတင်ပြီး နှလုံးခုန်သံလဲ နားထောင်သည်။ သူ့မျက်နှာကိုလဲ သေချာကြည့်ရင်း သူ့အပြုံးလက်ကျန်ဖြစ်ဖြစ် ခံစားချက်တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် ရှာမိနေပြန်သည်။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Hikayelerin yaşadığı yer. Şimdi keşfedin