Unicode
🖤 Theories of LOVE❤️
🖤 Season-4❤️
🖤 Tabula Rasa-20❤️
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ရက်မှာ နေရောင်ခြည်လေးသန်းတာကအစ ငေးကြည့်ရခြင်းက အမှတ်တရအပြည့်နဲ့ပါ။
တစ်နှစ်လုံး အဖြစ်အပျက်ပေါင်းစုံဖြတ်သန်းလာခဲ့ရပြီး ဒီနှစ်မှာအမှတ်တရတွေရော ဝမ်းနည်းနာကျင်ခြင်းတွေရော အတိုင်းမသိကြည်နူးရခြင်းတွေပါရောယှက်နေခဲ့တာပါ။
လေအေးတွေတိုက်လို့ အခန်းထဲပြန်ဝင်လာပြီး အိပ်နေကြတဲ့ဝက်ကလေးတွေကိုနှိုးဖို့ပြင်ရပြီ။ဒီနေ့လိုရက်မှာ စောစောထပြီးအမှတ်တရတွေတူတူဖန်တီးကြရမယ်လေ။
🖤baby ရေ သားနဲ့သမီးရေ ထကြတော့ဟေ့
သုံးယောက်လုံးကို အနမ်းတွေနဲ့နှိုးတော့ မထချင်ထချင်နဲ့ ထလာကြသည်။အကြီးဆုံးကလေးကတော့ ကျွန်တော့်ရင်ခွင်ထဲဝင်လို့ အရင်ဆုံးချွဲပါသည်။
❤️အာဘွားပေး
🖤အင်း ပေးမယ်ဗျာ မွ မွ ပေးလိုက်ပြီ
💛တားတားတို့ရော
🖤လာဗျာ အကုန်လုံးကို ပေးမှာ
ချစ်ရတဲ့လူသားလေးတွေကို အနမ်းတို့နဲ့ကျေနပ်စေပြီး မနက်ခင်းကို အပြုံးတွေနဲ့ပဲ စတင်စေရတဲ့ဘဝက ကျွန်တော်နေပျော်တဲ့ဘဝပါ။ရေချိုးခန်းထဲလိုက်ပို့ပြီး သားနဲ့သမီးအိမ်သာသွားတာတွေ ကူညီပေး မျက်နှာသစ်ပေးနဲ့လုပ်နေတုံး ဖုန်းလာတာက တစ်ကောင်တည်းသော ဘော်ဒါကြီးဆီကပါ။
🖤အေး ငါ့ကောင်ကြီးပြော
🐒P'လုပ်ပါဦးဗျာ သူပျောက်နေတယ်
🖤ဟမ် Nickလား ဘာဖြစ်တာလဲ
🐒ဒီမနက်အစောကြီး သူ့အမေဆီကဖုန်းလာပုံပဲ P'.. ကျွန်တော်လည်း ကလေးနဲ့အိပ်နေတာဆိုတော့ နားစွန်နားဖျားပဲကြားလိုက်တာ အမေလို့ ခေါ်လိုက်တာပဲ သိလိုက်တာ အဲ့ဒါ ဖုန်းပြောပြီးတာနဲ့ ဖုန်းကြီးပစ်ချပြီး အပြင်ထွက်သွားတာပဲ ကားလည်းမယူသွားဘူး တားလို့လည်းမရဘူး ဘယ်နားလိုက်ရှာရမှန်းလည်း မသိလို့
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
ספרות חובביםFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️