Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-40❤️
သည်းသည်းမည်းမည်းရွာနေတဲ့ မိုးနဲ့အပြိုင် ရင်ထဲမှာလဲ ဝမ်းနည်းခြင်းမိုးတွေကစွေလို့။ ဥပေက္ခာတွေ သယ်ပိုးထားရတဲ့ ရင်ခွင်ဟာ ဝင်သက်ထွက်သက်နဲ့အမျှ ကျိန်စာလိုပဲဆိုတာလဲ ဘယ်သူသိမလဲ။ ကျောခိုင်းထားရချိန်မှာ ကျောတစ်ပြင်လုံးဟာ ကျွန်တော်ချစ်ရတဲ့ လူသားလေးရဲ့ ငိုညည်းသံတွေ နာကျင်ခြင်းတွေ ထိုးစိုက်လို့ ထုတ်ချင်းပေါက်နေပြီ။
မြူတစ်မှုန်စာတောင် နာကျင်ခြင်းတွေ မသက်ရောက်စေချင်လို့ ကြင်နာယုယခြင်းတွေနဲ့ အုပ်မိုးထားတဲ့ ကျွန်တော့်ရဲ့ကမ္ဘာလေးဟာ အခုတော့ ကျွန်တော့်ကိုအပြစ်တင်နေ မုန်းနေမှာပါ။ ကလေးတစ်ယောက်ရဲ့ ကမ္ဘာက ကြင်နာခြင်းတွေကွက်လပ်ဖြစ်တဲ့အခါ သူသိပ်နာကျင်နေရှာမှာ။
အမြဲတစေ ကိုကို့ရင်ခွင်ထဲမှာပဲ နေပါလို့ ပြောထားခဲ့ပြီး ကလေးတစ်ယောက်လို ပျိုးထောင်ခဲ့ပြီး အခုမှ မရင့်ကျက်ရကောင်းလားလို့ မျက်နှာပြောင်တိုက် အပြစ်တင်နေရတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ မတတ်နိုင်ခြင်းများစွာနဲ့ မုန်းတီး
ပစ်ပါ့မယ်။ဘဝခရီးရှည်သလား တိုသလား ဘယ်သူမှတပ်အပ်သေချာမသိပေမဲ့ ဒီကလေးကိုတော့ ပျော့ညံ့စွာ အဆုံးမသတ်စေချင်ဘူး။ ခုလို အ
နှောင့်အယှက် အတိုက်အခိုက်တွေသာမရှိရင် သူလေးကို တစ်ဘဝလုံးထမ်းပိုးထားရလည်း ကျွန်တော်ကျေနပ်နေမှာပါ။ အခုကတော့......"ငါ့သားကြီးကို ဖေဖေ ယုံပါတယ် သားငယ်ကိုလည်း ခုလိုကိစ္စရှိမလာရင်တောင် သန်မာစေချင်တာပါ သူ့နှလုံးက သူကိုယ်တိုင်သန်မာမှ သက်တမ်းပြည့်နေနိုင်မှာလေ ဒါပေမယ့် သားရယ်"
🖤 ဖေဖေရယ် သားကို ယုံပေးပါ သားသူ့ကို ကောင်းကောင်းထိန်းနိုင်မှာပါ သားမှာယုံကြည်ချက်ရှိပါတယ် ဖေဖေရယ် သား.... သားလည်း မခံစားနိုင်ပါဘူး
ဖေဖေ့လက်ကို ဆုပ်ကိုင်ရင်း သားအဖတွေ သက်ပြင်းရှည်တွေချမိချိန်မှာ တံခါးပွင့်လာပြီး Mike က baby ကို ပွေ့ချီလာတာတွေ့လိုက်ရသည်။
BINABASA MO ANG
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️